Sunday, May 31, 2026

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှေ-ာက် (၁)ဦး‌ေ-သဆုံး (၂)ဦးပြင်းထန်ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်-...

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့်...

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးပေးနိုင်ရန်...

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း...

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်...

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။ ပြီးခဲ့သည့် မေ ၂၉...
HomeInternationalဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ...

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယက်တီကူးပါးသည် ဇွန်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ထို့နောက် သီတင်းပတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှသည် အီဘိုလာရောဂါဖြစ်ပွားမှုအထိပါဝင်သော ကမ္ဘာ့အရေးများကို အဓိကဆွေးနွေးမည့် ခရီးစဉ်ဖြစ်သည်။
        
မစ္စစ်ကူးပါးသည် ဇွန်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ဒုတိယသမ္မတ ဟန်ကျန်းတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်တစ်ရက်အကြာတွင် သိပ္ပံနှင့် နည်းပညာကို အဓိကထားသော အစီအစဉ်တစ်ခုအတွက် တောင်ပိုင်းနည်းပညာအချက်အချာ ရှန်ကျန်းသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
        
ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာချိန်၊ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်နေချိန်နှင့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေချိန်တွင် ကမ္ဘာ့ဒုတိယနှင့် ဆဋ္ဌမစီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယသို့ မစ္စကူးပါး၏ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
       
သူသည် ဇွန်လ ၄ ရက်နေ့တွင် အိန္ဒိယသို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာအပြင် UK-India Vision 2035 အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသော စွန့်ဦးတီထွင်သူများ၊ ပညာရှင်များ၊ အစိုးရမိတ်ဖက်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
         
နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ကဏ္ဍအသီးသီးတွင် ဈေးကွက်ဝင်ရောက်ခွင့် တိုးတက်စေရန် ရည်ရွယ်၍ နှစ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
       
သို့သော် လန်ဒန်၏ သံမဏိတင်သွင်းမှုအပေါ် ကန့်သတ်ချက်အသစ်များကြောင့် ထိုသဘောတူညီချက်အကောင်အထည်ဖော်မှုသည် အဟန့်အတားနှင့် ရင်ဆိုင်ခဲ့ရကြောင်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီး ရာဂျက်ရှ် အဂရာဝေါလ်က ဧပြီလအတွင်း ပြောကြားခဲ့သည်။
         
မစ္စစ်ကူးပါး၏ ဤအင်အားကြီးနှစ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများသည် အရေးကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးကို အာရုံစိုက်ရန် မျှော်လင့်ရကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှေ-ာက် (၁)ဦး‌ေ-သဆုံး (၂)ဦးပြင်းထန်ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသား(၁) ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူ(၂)ဦးတို့အား လူမှုကူညီရေးအသင်းများက အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ Photo-ဓမ္မဝိဇယအသင်း

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့် အိမ်ထောင်စု (၆၉)စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးပေးနိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း (၈၃၀)ခန့် အကုန်အကျခံပြီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက်ကပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်သည့်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို...

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၅၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၁၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071