Sunday, May 31, 2026

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ...

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ...

ဘရာမို့စ်ဒုံးကျည်သဘောတူညီချက်အိန္ဒိယနှင့်ဗီယက်နမ်လက်မှတ်ရေးထိုး

ရုရှားနှင့် ပူးတွဲတီထွင်ခဲ့သော ဘရာမို့စ်ဒုံးကျည်များကို ဗီယက်နမ် သို့ရောင်းချပေးမည့် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက်အတွက် နောက်ဆုံးအဆင့်များကို ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး...

စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်မည့် ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု၌ စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်မည့် Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ) လည်ပတ်လျက်ရှိသည်။ ထိုသို့...
HomeNewsLocal Newsမြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံတွင်ရောက်ရှိနေချိန်အတွင်းရရှိသည့် အားလပ်ချိန်များတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင်ရာများကို တစ်ဦးချင်းလေ့လာရန်လိုအပ်ကာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက်စွမ်းဆောင်နိုင်သူများဖြစ်ရန်မျှော်လင့်သည်ဟု ပြောသည်။

ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်စေလိုကာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းဆောင်ရွက်ရန်၊ ယခုကဲ့သို့ ပြည်ပတွင်နေထိုင်ရချိန်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး နိုင်ငံ့အတွက်ဆောင်ရွက်နေသည့်စိတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်ရန်လည်း မှာကြားသည်။

အိန္ဒိယနိုင်ငံသည် ပူပြင်းသည့်ရာသီဥတုသို့ရောက်ရှိနေပြီဖြစ်၍ တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ရန်မှာကြားပြီးနောက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးပြီး သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများက တည်ခင်းဧည့်ခံသည့် ညစာအား မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ ည ၁၁ နောက်ဆုံးထား ပိတ်နေ

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတာ” ဟု အချိန်ပြောင်းလဲ သတ်မှတ်ဖွင့်လိုက်သည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ၌ ရန်ကုန်မြို့တွင် ကလပ်အချို့သည် ညနေ ၅နာရီမှ ၁၁ နာရီထိသာ အချိန်ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာထားကြသည်။ အလားတူ ဘားများရှိ ဖျော်ဖြေရေးတီးဝိုင်းများကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေမှုများ ရပ်ရန်...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ တိုလမ်က ပြောကြားခဲ့သည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် နိုင်ငံတကာနည်းဥပ‌ဒေနှင့် ဥပဒေများ ယိုယွင်းပျ-က်စီးလာခြင်း၊ တိုးတက်မှု နှေးကွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံများ၏ အကျပ်အတည်းနှင့် နိုင်ငံများအကြား ယုံကြည်မှုဆိုင်ရာ အကျပ်အတည်းတို့ ပါဝင်သည်ဟု ၎င်း၏ အဓိကမိန့်ခွန်းတွင် သမ္မတ တူလမ်က ပြောကြားခဲ့သည်။ “ဒီနေ့ ကျွန်တော်တို့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကျပ်အတည်းသုံးခုဟာ ကျွန်တော်တို့ လက်ကိုလက်ခံရမယ့် ရှောင်လွဲလို့မရတဲ့...

ဘရာမို့စ်ဒုံးကျည်သဘောတူညီချက်အိန္ဒိယနှင့်ဗီယက်နမ်လက်မှတ်ရေးထိုး

ရုရှားနှင့် ပူးတွဲတီထွင်ခဲ့သော ဘရာမို့စ်ဒုံးကျည်များကို ဗီယက်နမ် သို့ရောင်းချပေးမည့် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက်အတွက် နောက်ဆုံးအဆင့်များကို ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျက်စ် ကူးမားဆင်းက စနေနေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် အာဆီယံနိုင်ငံများအပေါ် ခိုင်မာသော ကတိကဝတ်ရှိကြောင်း ဆင်းက ပြောကြားခဲ့သော်လည်း ဘရာမို့စ်နှင့် ပတ်သက်သည့် သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ စင်ကာပူတွင် ကျင်းပသော အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် ဆင်းက မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်တွင်း အသုံးပြုရန်နှင့် ပြည်ပတင်ပို့ရန်အတွက် ပြည်တွင်းကာကွယ်ရေးထုတ်လုပ်မှုကို တည်ဆောက်နေသော အိန္ဒိယသည် စူပါဆောနစ်ခရုဇ်ဒုံးကျည်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071