ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအုပ်စု၌ စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်မည့် Yangon Waste to Energy Plant (ရန်ကုန်အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့်စက်ရုံ) လည်ပတ်လျက်ရှိသည်။
ထိုသို့ လည်ပတ်နေမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက မေ ၃၀ ရက်တွင်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံသည် စွန့်ပစ်အမှိုက်ပမာဏ၏ (၉၀) ရာခိုင်နှုန်းခန့်ကိုလျှော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ဒေသခံတို့၏ ကျန်းမာရေးပိုင်းဆိုင်ရာများထိခိုက်မှုမရှိစေရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။