ရန်ကုန်-ဒလ ဘက်ကို ကူးသန်းနေသည့် စက်လှေတစ်စီးသည် ယမန်နေ့ ညနေပိုင်းက တိမ်းမှေ-ာက်မှုဖြစ်ပွားပြီး လူ (၃) ဦးပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မေလ (၂၈) ရက်၊ ည (၇) နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေမောင်းသူ အပါအဝင် (၃) ဦးပျေ-ာက်ဆုံးနေပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
“မှေ-ာက်တာတော့ ဟုတ်တယ်၊ သုံးယောက်ကိုတော့ အခုထိ မတွေ့သေးဘူး။ ကားတင်တဲ့ ဇက်နဲ့ တို-က်မိပြီး မှေ-ာက်တယ်လည်း ကြားတယ်၊ အကြောင်းရင်းတော့မသိပေ့မယ် မှေ-ာက်တာကတော့ တကယ်ပါ” ဟု ဒလမြို့နယ် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်မော်တင်ဆိပ်ကမ်းမှ ဒလမြို့ မှော်စက်ရပ်ကွက်သို့ သွားသည့် သမ္ဗန်စက်လှေတစ်စင်းတိမ်းမှေ-ာက်ခြင်းဖြစ်ပြီး ပျေ-ာက်ဆုံးသူများကို တာဝန်ရှိသူနှင့် အဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်လှေပေါ်တွင် စုစုပေါင်း (၁၂) ဦး လိုက်ပါလာခဲ့ ပြီး (၉) ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
