ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကုသရေးဦးစီးဌာနက ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ အောင်စည်သာကျောင်းတိုက်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ မေ ၂၉ ရက်ကပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီးခုတင် (၃၀၀) နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံခုတင် (၁၀၀) တို့မှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့က အခမဲ့ကွင်းဆင်းကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့က အထွေထွေရောဂါ (၁၃၅) ဦး၊ ကလေး (၂၂) ဦး၊ ခွဲစိတ် (၁၅) ဦး၊ အရိုး (၈၁) ဦး၊ သားဖွားမီးယပ် (၁၄) ဦး၊ မျက်စိ (၁၁၂) ဦး၊ သွားနှင့်ခံတွင်း (၂၈) ဦး၊ အကြောအဆစ် (၄) ဦး၊ X- ray (၁၀၈) ဦးနှင့် Ultrasound (၁၇) ဦး (စုစုပေါင်း ၅၃၆ ဦး) ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းကကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို အားပေးစကားပြောကြားပြီး အာဟာရဖြစ်စားသောက်ဖွယ်ရာပစ္စည်းများနှင့် ဆေးစိမ်ခြင်ထောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
