လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သို့ပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လိုအပ်မည်ဟု ပြော သည်။
” နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အား နည်းချက်တွေဖြစ်ပေါ်နေတာကို အလေးထားပြီးပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရပါမယ်။ မိမိတို့အစိုးရအ နေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေးအား၊ စီး ပွားရေးအား၊ ကာကွယ်ရေးအားတွေတိုးတက်လာစေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံဂုဏ်သိက္ခာကိုမြှင့်တင်သွားနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ် သက်လာပါက အမြင်ကျယ်စွာဖြင့်ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် မိမိတို့သည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များ၊ တိုင်းနှင့် ပြည် နယ်များအလိုက်လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ် ၍ ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာများအရ တိုင်းနှင့် ပြည် နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အ လိုက် ဆောင်ရွက်ရန်ကျန်ရှိသည်များကို ယခု (၆)လအတွင်း တိုးတက်အောင်ဆောင်ရွက်ရမည်ဟု နိုင်ငံ တော်သမ္မတက မှာကြားခဲ့သည်။