ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်းကို ကမ္ဘာအေးမြေငလျင်စခန်းကတိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
