လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများခေါ်ယူလျက်ရှိသည်။
လျှောက်ထားသူများသည် အကြားအာရုံချို့ယွင်းအား နည်းသူ၊ အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပ ညာများကိုသင်ယူလိုစိတ်ရှိသူ၊ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည် ဖြစ်သည်။
အဆိုပါ ကျောင်းများသို့ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ကာ ကျောင်းအပ်နှံပါက မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာ၌ ကျောင်းသား/သူ၏ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ ၊ မွေးစာရင်း (မူရင်း/မိတ္တူ)၊ မိဘ (၂) ဦး မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်းထောက်ခံချက်၊ အကြားအာရုံချို့ယွင်းမှုတိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်းတို့ပါရှိရမည်ဖြစ်သည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄ ။ F, G၊ အိုးစု (၃) လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့ တိုင်း/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်သည်။
ထို့အတူ နားမကြားသောကလေးများကျောင်း၊ အကွက် -၈၅၈၊ ချမ်း/တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့သို့ တိုင်း/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ကာ စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တက်ရောက်ခွင့်ရရှိပါက သွားလာရေးခက်ခဲသောဒေသများမှ နားမကြားကျောင်းသား/သူများအနေဖြင့် ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုသည့်အပြင် စားသောက်နေထိုင်ရေးကိုလည်း နိုင်ငံတော်ကတာဝန်ယူမည်ဖြစ် သည်။
ထို့ကြောင့် အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ဖုန်း ၀၆၇- ၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) ဖုန်း ၀၁- ၉၅၄၈၀၇၂၊ ၁၉ – ၂၅၀၀၇၇၂၆၈ နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) ဖုန်း ၀၉ – ၄၀၂၆၆၂၆၈၉၊ ၀၉-၄၅၉၇၆၀၅၁၆ တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်သည်။
