Monday, May 25, 2026

လွိုင်ကော်တွင် AYA bank ၏...

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌...

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...
HomeNewsLocal Newsကုန်တင်သင်္ဘော၏ အလုံပိတ်အခန်းသို့ ဝင်ရောက်စစ်ဆေးရာမှ...

ကုန်တင်သင်္ဘော၏ အလုံပိတ်အခန်းသို့ ဝင်ရောက်စစ်ဆေးရာမှ မြန်မာသင်္ဘောသား ၃ ဦး အောက်ဆီဂျင်ပြ-တ်လပ်၍ အသ-က်ဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကုန်တင်တွဲ သင်္ဘော၏ အလုံပိတ်နေရာ အတွင်းသို့ စစ်ဆေးလုပ်ကိုင်ရန် ဝင်ရောက်သွားသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား ၁ ဦးတို့မှာ အောက်ဆီဂျင်ပြတ်တောက် အသ-က်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ၌ မြန်မာသင်္ဘောသားများ၏ ရုပ်အလေ-ာင်းများ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီလည်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် မေလ ဒုတိယအပတ်အတွင်း ဖြစ်ပွါးခဲ့ခြင်းလည်း ဖြစ်သည်။

အသ-က်ဆုံးရှုံးသွားသူများသည် အသက် ၃၈ နှစ်အရွယ် ကိုသူရဇော်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မင်းထက်နှင့် အသက် ၂၈ နှစ်အရွယ် ကိုဟန်ထူးအောင်တို့ ဖြစ်ကြသည်။

မြန်မာသင်္ဘောသား ၃ ဦး၏ ရုပ်အလေ-ာင်းများကို ယမန် နေ့ မေလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းဖြင့် ပြန်လည်သယ်ဆောင်လာခဲ့ကြသည်။

ထိုမှတဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)က လေဆိပ်မှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း လည်း သိရသည်။

ဓာတ်ပုံ- နာရေးကူညီမှုအသင်း(ရန်ကုန်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်တွင် AYA bank ၏ ဝန်ဆောင်မှုများ ပြန်အသုံးပြုနိုင်ပြီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌ အမှတ် (ရှမ်း-၃၅)၊ လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ၌ လွိုင်ကော်မြို့သည် ပြန်လည်စည်ကားလျက်ရှိပြီး စစ်ရှောင်နေရသည့် ပြည်သူများလည်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကာ အစိုးရယန္တရားအပြည့်အဝလည်ပတ်လျက်ရှိနေပြီလည်း ဖြစ်သည်။

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး ‌ေ-သဆုံး (၄) ဦး ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါသော ကိုယ်ပိုင်ယာဥ်သည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက်တိမ်းမှောက်ခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမိရ) ဒ-ဏ်ရာများရရှိခဲ့၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071