ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒလမြို့နယ်တို့၌ ယမန်နေ့ မေ ၂၃ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယောမင်းကြီးလမ်းတွင် ည ၈ နာရီ ၅၇ မိနစ်ခန့်က သစ် ပင်လဲကျ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စ ခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ည ၈ နာရီကျော်ခန့်ကလည်း ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဦးအောင်ဇေယျ(၂)လမ်းတွင် သစ် ပင်လဲကျ၍ ဒလမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
