အခက်အခဲများရှိနေသော်လည်း ရေလှောင်တမံများ၏ သိုလှောင်ထားမှုအမှတ်အနိမ့်ဆုံးရောက်နေသည့် ယခုအချိန်များတွင်ပင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အ သိပေးခဲ့သည်။
လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် လူ ထုလိုအပ်ချက်၏ (၇၀)ရာခိုင်နှုန်းခန့်သာထုတ်လုပ်ပေးနိုင်လျက်ရှိကာ သုံးစွဲလိုမှုတွင် နှစ်စဉ်(၁၅)ရာခိုင်နှုန်းခန့်တိုးတက်လာ၍ ဝန်နှင့်အားမမျှဖြစ်နေရသည်ဟု အ သိပေးခဲ့သည်။
လျှပ်စစ်ထုတ်လုပ်မှု၏ (၃ ဒသမ ၅)ရာခိုင်နှုန်းခန့်သည် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး (၄ ဒသမ ၅)ရာခိုင်နှုန်းခန့်သည် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလို အလျောက်ဆုံးရှုံးသွား၍ သုံးစွဲသူများထံရောက်ရှိချိန်၌ ထုတ်လုပ်မှု၏ (၈)ရာခိုင်နှုန်းခန့်လျော့နည်းနေမည်ဟု အသိပေးခဲ့သည်။
အချို့ ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ် အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းကြီးများမှာဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှုမရှိ၍ ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများထမ်းဆောင်နေရပြီး ပျက်စီးမှုများကို လျှပ်စစ်ဝန်ထမ်းများကပြန်လည်ပြင်ဆင်လျက်ရှိရာ မိုင်းအန္တရာယ်ကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု အသိပေးခဲ့သည်။
ထိုသို့ ဖြစ်ပေါ်နေသော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနက နည်းပညာဆိုင်ရာ အခက်အခဲများကိုဖြေရှင်းခြင်း၊ မသမာမှုဆောင်ရွက်နေခြင်းများကို ဖော် ထုတ်ဖြေရှင်းခြင်းတို့ဆောင်ရွက်နေသဖြင့် ရေလှောင်တမံများ၏ သိုလှောင်ထားမှုအမှတ်အနိမ့်ဆုံးရောက်ရှိနေချိန်တွင်ပင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အခါအားလျော်စွာထုတ်ပြန်သည့် အသိ ပေးတင်ပြချက်များအား လိုက်နာပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်း အသိပေးခဲ့သည်။
