တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ် လသည်။
ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီ ၂၀ နီးပါးအကြာ စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။
ရှန်ရှီးပြည်နယ်ရှိ အဆိုပါမိုင်းတွင်းတွင် သောကြာနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လူ ၂၅၀ နီးပါး မြေအောက်တွင် အလုပ်လုပ်နေခဲ့ကြသည်။ စနေနေ့နံနက်ပိုင်းအထိ အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့ပြီး ၁၂၃ ဦးသည် ဆေးရုံတွင် ကုသမှုခံယူနေကြောင်း စီစီတီဗီက ဖော်ပြခဲ့သည်။
ပျောက်ဆုံးနေသော အလုပ်သမားများ ရှိနေသေးလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပျောက်ဆုံးနေသူများကို အင်ပြည့်အားပြည့် ကယ်ဆယ်မှုလုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ခံမှုရှိရန်ကိုလည်း တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
Qinyuan ခရိုင် Changzhi မြို့တွင် တည်ရှိသော Liushenyu ကျောက်မီးသွေးတွင်းအတွင်း ကာဗွန်မိုနောက်ဆိုက် သတ်မှတ်အဆင့်များသည် ကန့်သတ်ချက်ထက် ကျော်လွန်နေကြောင်း အစောပိုင်းတွင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
မြေအောက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ဝန်ထမ်းရာပေါင်းများစွာပါဝင်ခဲ့ကြောင်း ကောင်တီ၏ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက စီအင်န်အင်န်ကို ပြောကြားခဲ့သည်။
Ref: စီအင်န်အင်န်
