Saturday, May 23, 2026

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင်...

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ...

ဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း...

ချင်းပြည်နယ် ဖလမ်းမြို့နယ်အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်...

ယခုသီတင်းပတ်ကုန်တွင် အီရန်ကို တိုက်ခိုက်ရန် အမေရိကန်...

အမေရိကန်အစိုးရ၊ အထူးသဖြင့် ပင်တဂွန်စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေးအသိုက်အဝန်းမှ တာဝန်ရှိသူများသည် လာမည့်သုံးရက်အတွင်း အီရန်နိုင်ငံအပေါ် စစ်ရေးအရ အသစ်တစ်ဖန် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍...

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်၊ စိန်ရတုခန်းမနှင့် မြို့ တွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို...

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်၊ စိန်ရတုခန်းမနှင့် မြို့ တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းထားရှိမှုအပါအဝင် ကန်များ ပြုပြင်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူက ယနေ့ မေ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က...
HomeMovies“50 Years of...

“50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားတက်ရောက်ရန် နစက သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ကိုရီးယားနိုင်ငံသို့ ကြွရောက်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးသည် မေ ၂၂ ရက် နံနက်ပိုင်းတွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကြွရောက်တော်မူခဲ့ကြောင်း သိရသည်။

Korean Wave Culture Industry Forum (KWCIF) ၏ စီစဉ်ပင့်ဖိတ်မှုဖြင့် ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးနှင့် သံဃာတော်များအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း သန်လျင်မင်းကျောင်းဆရာတော်ကြီးသည် ဆိုးလ်မြို့ရှိ Jogyesa Temple ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံခြင်း၊ Jogye Order of Korean Buddhism ၏ (၃၇) ယောက်မြောက် ဥက္ကဋ္ဌ၊ Dongguk University ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းများ ပြုလုပ်တော်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၃၀၀ ကျော်အား တွေ့ဆုံအားပေးခြင်းနှင့် Buddhist Broadcasting System (BBS) ၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင်တော်မူခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Bulguksa Temple ၌ Venerable Jongcheon နှင့် တွေ့ဆုံခြင်း၊ Tongdosa Temple ၌ Venerable Hyeon-deok နှင့် တွေ့ဆုံခြင်းများကိုလည်း ပြုလုပ်တော်မူခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊...

ဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၄ ကျောင်း ပြန်လည်ဖွင့်လှစ်မည်ကျေးရွာ ၅၀ ကျော်မှလည်း ကျောင်းပြန်ဖွင့်ခွင့် တောင်းခံထား

ချင်းပြည်နယ် ဖလမ်းမြို့နယ်အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ဖလမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း(၂)ရှိ စာသင်ခန်းများ ပြင်ဆင်ခြင်း၊ ခေါင်းမိုးများ လဲလှယ်ခြင်းနှင့် မျက်နှာကြက်များ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းကို...

ယခုသီတင်းပတ်ကုန်တွင် အီရန်ကို တိုက်ခိုက်ရန် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေးအသိုက်အဝန်း ပြင်ဆင်နေဟုဆို

အမေရိကန်အစိုးရ၊ အထူးသဖြင့် ပင်တဂွန်စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေးအသိုက်အဝန်းမှ တာဝန်ရှိသူများသည် လာမည့်သုံးရက်အတွင်း အီရန်နိုင်ငံအပေါ် စစ်ရေးအရ အသစ်တစ်ဖန် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ CBS သတင်းဌာနက ဖော်ပြခဲ့သည်။ "အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအသိုက်အဝန်းက အဖွဲ့ဝင်တချို့ဟာ ဖြစ်လာနိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေကို ကြိုတင်မျှော်လင့်ပြီး သူတို့ရဲ့ Memorial Day (အထိမ်းအမှတ်နေ့) သီတင်းပတ်ကုန် အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြပါတယ်" ဟု သတင်းရင်းမြစ်အများအပြားက ပြောကြားခဲ့သည်။ ထို့ပြင် အီရန်၏ လက်တုံ့ပြန်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည့်အတွက် အရှေ့အလယ်ပိုင်းတွင် အခြေစိုက်ထားသည့် အမေရိကန်စစ်အင်အားကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071