ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ် ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော်ရေလှောင်တမံအ တွင်း ရေဆင်းကူးသည့် ကလေးငယ်(၄)ဦးရေနစ်သေ ဆုံးခဲ့မှု ယနေ့ မေ ၂၂ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင်နေထိုင်သည့် ကလေးငယ်(၄)ဦးသည် ဇ လပ်ထော်ရေလှောင်တမံအတွင်းရေဆင်းကူးရာမှရေ နစ်ကာသေဆုံးသွားသဖြင့် ဆယ်ယူမှုများပြုလုပ်ပြီးနောက် တာဝန်ရှိသူများကစစ်ဆေးကာ ရုပ်အလောင်းများအား ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အမှတ်(၃)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၆ ဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
