မန္တလေးတိုင်း၊ မြင်းခြုံမြို့တွင် ယနေ့ မေ ၂၂ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က မိလ္လာဆင်းဆယ်သည့် အမျိုးသား(၂)ဦး အောက်ဆီဂျင်ပြ-တ်၍ ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၂)တွင် အမျိုး သား(၂)ဦး မိလ္လာကန်အတွင်း အောက်ဆီဂျင်ပြ-တ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှကူညီဆယ်ယူပေးခဲ့ကြသော်လည်း ေ-သဆုံးသွား၍ အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းက မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
