Thursday, May 21, 2026

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏...

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ်...

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄...

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ...

စစ်ကိုင်းငလျင်ဘေးသင့် အိမ်ထောင်စု (၆၅၀) အတွက်...

မန္တလေးငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခဲ့သည့် မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့မှုရရှိမည့် အိမ်ထောင်စုများအနက်...

ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ကြီးအား အဂ္ဂမ ဟာပရဟိတဓရ‌ဇောတိကဓဇ၊...

ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ကမ္ဘာ့ငြိမ်းချမ်း‌‌ရေးဂုဏ်ထူးဆောင် ဒေါက်တာနာဂဒီပအား မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)က ပရဟိတသာသနာပြု အဂ္ဂမဟာပရဟိတဓရ‌ ဇောတိကဓဇ၊ မဟာနယက ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်ခဲ့သည်။ အဆိုပါ ဆက်ကပ်ခြင်း...
HomeNewsLocal Newsတရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

တရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှု အောင်မြင်လာသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သရက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေဖြင့် ဈေးလျှော့ရောင်းချမှုများ ပြုလုပ်ခဲ့ရသော်လည်း၊ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိလာပြီးနောက် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။

“အစပိုင်းမှာ ဈေးမရလို့ ဈေးပြိုင်လျှော့ရောင်းခဲ့ရတယ်။ အခု တရုတ်ဘက်ကို တင်ပို့နိုင်တော့ ဈေးနည်းနည်းပြန်တက်လာတယ်။ ပေါ်ဦးပေါ်ဖျားမှာ ဈေးမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဈေးကောင်းရလာနိုင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှ စိန်တလုံးသရက်စိုက်တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့စိန်တလုံးသရက်သီး တန်ချိန် ၈၀ ကျော်ကို တရုတ်နိုင်ငံရှိ ကူမင်း၊ ချန်ဒူနှင့် ချုံချင့်မြို့များရှိ သစ်သီးဈေးကွက်များသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရက်သီးများကို တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့မှတစ်ဆင့် ပြီးခဲ့သည့် မေလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တရားဝင်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ကျန်သရက်သီးများအနက် အရည်အသွေးကောင်းမွန်သည့် အသီးများကို ဆက်လက်ရွေးချယ်ကာ တရုတ်ဈေးကွက်သို့ ထပ်မံတင်ပို့နိုင်ရေး စီစဉ်နေကြောင်း စိုက်တောင်သူများနှင့် သရက်လုပ်ငန်းရှင်များက ပြောဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါသည် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခု၌ ဖျားနာပြီးနောက် ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။ ယခင်က နန်းတော်ထုတ်ပြန်ချက်များအရ မင်းသမီးသည် သွေးလည်ပတ်မှုဆိုင်ရာ ပြင်းထန်သည့်ရောဂါခံစားခဲ့ရပြီး အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း သိရသည်။ မေ ၂၁ ရက်...

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄ ဦး တက်ရောက်ပြီး စံချိန်တင်

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ တစ်ရက်တည်း တောင်ထိပ်သို့ ရောက်ရှိသူ အများဆုံးစံချိန်သစ် ဖြစ်လာခဲ့ကြောင်း သိရသည်။ ပေ ၂၉,၀၃၂ မြင့်သော ဧဝရက်တောင်သည် နီပေါနှင့် တရုတ်နိုင်ငံ တိဘက်ဒေသ နယ်စပ်တွင် တည်ရှိပြီး နှစ်နိုင်ငံဘက်ခြမ်းမှ တက်ရောက်နိုင်သော်လည်း ယခုနှစ်တွင် တရုတ်အာဏာပိုင်များက ခွင့်ပြုချက်များ မထုတ်ပေးသဖြင့် တိဘက်ဘက်ခြမ်း၌ တောင်တက်သမားများ မရှိကြောင်း တောင်တက်ခရီးသွားလုပ်ငန်းများက ဆိုသည်။ နီပေါတောင်တက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ်...

စစ်ကိုင်းငလျင်ဘေးသင့် အိမ်ထောင်စု (၆၅၀) အတွက် အသက်မွေးဝမ်းကျောင်းထောက်ပံ့ငွေ MRCS ထုတ်ပြန်

မန္တလေးငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခဲ့သည့် မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့မှုရရှိမည့် အိမ်ထောင်စုများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အိမ်ထောင်စုစုစုပေါင်း (၆၅၀) ကို ရွေးချယ်ထားပြီး အဆိုပါစာရင်းကို မေ ၁၈ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ကြေညာထားသည့် စာရင်းတွင် ကျောက်တာကျေးရွာ၊ တောင်ညိုရွာသစ်ကျေးရွာ၊ မိုးဇာရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ မင်းလမ်းရပ်ကွက်နှင့် ဇေယျာရပ်ကွက်တို့မှ ငလျင်ဘေးသင့် မိသားစုများ ပါဝင်ကြောင်း သိရသည်။ အိမ်ထောင်စုစာရင်းများကို ရွေးချယ်ရာတွင် ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071