အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဥ်အမြဲအားပေးထောက်ခံခဲ့ကာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကို ကျေးဇူးတင်အသိအမှတ်ပြုသည်ဟု ပြော သည်။
ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှအ သိုက်အဝန်းတစ်ရပ်တည်ထောင်ရေးလုပ်ငန်းစဥ်များကိုထောက်ခံကာ တရုတ်-မြန်မာနှစ်နိုင်ငံလွှတ်တော်အ ချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ လာမည့် လွှတ်တော်ကာလတွင် ယာယီကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လို အပ်ပါကလည်း ကော်မရှင်များနှင့် အဖွဲ့များဖွဲ့စည်းသွားမည်ဟု ပြောသည်။
ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက် ရက်(၁၀၀)စီမံကိန်းချမှတ်ပြီး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လွှတ်တော်အနေဖြင့်လည်း လိုအပ်သည့်နေရာတွင် ပေါင်းစပ်ပါဝင်ဆောင် ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ထိထိရောက်ရောက်တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ ကြမ်းကိုရေးဆွဲထားပြီးဖြစ်သည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံသံအမတ်ကြီးကလည်း ယခုနှစ်တွင်စတင်မည့် (၁၅)ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း(၅)နှစ်စီမံကိန်း ၂၀၂၆-၂၀၃၀ နှင့်အ ညီ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ပြီး တရုတ်-မြန် မာနှစ်နိုင်ငံကြား အေးအတူပူအမျှအသိုက်အဝန်းတစ် ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်အစဥ်အမြဲထောက်ခံအားပေးလျက်ရှိကာ ရွေးကောက်ပွဲမှတစ်ဆင့်ပေါ်ပေါက်လာသည့် လွှတ်တော်များကို တ ရုတ်ပြည်သူ့အမျိုးသားကွန်ဂရက်မှ ဦးစွာဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ပြီးထောက်ခံခဲ့ကာ ဆက် လက်ပြီး နှစ်နိုင်ငံလွှတ်တော်များကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းစွာတည်ဆောက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။
