ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တို့တွင် မေ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က တစ်ချိန်တည်း နေအိမ်မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဟင်္သာတမြို့၊ ပတ္တမြားရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မေ ၂၀ ရက် နံနက် ၁၂ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မေ ၁၉ ရက် ည ၁၁ နာရီခွဲတွင်ပင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၌ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ယင်းမီးလောင်မှုကို ည ၁၁ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
