Home News Local News ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်  

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်  

0
83

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။       

“ပြည်သူတွေက ဒီရုံးမှာလာပြီးတော့ သူတို့ရဲ့အခက်အခဲတွေ ၊ လိုအပ်ချက်တွေကိုလာရောက်တင်ပြလို့ရပါတယ် ၊ ကျွန်တော်တို့ကိုယ်စားလှယ်တွေက တင်ပြတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် ၊ ညှိနှိုင်းပေးမယ်´´ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်ရုံးတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီး ရုံးထိုင်နေပါပြီ ။ ပြည်သူတွေအနေနဲ့သိချင်တာရှိရင် လာရောက်မေးမြန်းလို့ရပါတယ် ၊ လိုအပ်တာရှိရင်လည်း လာရောက်တင်ပြလို့ရပါတယ်  ” ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။

 အဆိုပါအခမ်းအနားသို့ မအူပင်မြို့နယ်မှ  လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအောင်ကျော်မင်း (အမျိုးသားလွှတ်တော်ကိုယ်စား လှယ်)၊ ဦးစောသောင်းဒန် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်- FPTP)၊ ဒေါ်သူဇာသန်းမြင့်(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-PR)၊ နှင့်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဌ  ဦးနိုင်ကိုကိုနှင့် ​ခရိုင်ကော်မတီဝင်များ၊  မြို့မိမြို့ဖများ  စုစုပေါင်းအင်အား(၂၅)ဦးခန့်  တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here