Monday, May 18, 2026

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်အ ဖြစ် ဂျပန်လူမျိုးနည်းပြ Mr....

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ လာမည့် ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့နှင့် AYA Bank Tri-Nations Cup (Women Friendly)အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏...

မေ ၂၅ ရက်မှ စတင်၍...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန...

၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ...

ပေကျင်း၊ မေလ ၁၈ ရက် တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄...

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏...
HomeInternationalပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင်...

ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန် ပေကျင်းသို့ မသွားရောက်မီ တစ်ရက်အလိုတွင် ရုရှားဒရုန်းများသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်းများသို့ ဦးတည်မောင်းနှင်နေသည့် ပင်လယ်နက်အတွင်းရှိ တရုတ်ပိုင် ကုန်တင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်။

ဆိပ်ကမ်းဒေသသို့ ဦးတည်မောင်းနှင်နေသည့် မာရှယ်ကျွန်းစု(Marshall Islands) အလံစိုက်ထူထားသော သင်္ဘောတစ်စင်းနှင့် ဂီနီဘစ်ဆော(Guinea-Bissau) အလံစိုက်ထူထားသော အခြားသင်္ဘောတစ်စင်း စသည့် အရပ်ဘက်သုံးသင်္ဘောနှစ်စင်း ယနေ့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

ယူကရိန်းရေတပ်၏ ထုတ်ပြန်ချက်အရ မာရှယ်ကျွန်းစုအလံစိုက်ထူထားပြီး တရုတ်အမှုထမ်းများ လိုက်ပါလာသည့် တရုတ်ပိုင်ကုန်တင်သင်္ဘော “KSL Deyang” တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ရေတပ်သည် အဆိုပါသင်္ဘော၏အမည်နှင့် ဘေးတစ်ဖက်တစ်ချက်တွင် မီးလောင်ကျွမ်းထားသည့် ဒဏ်ရာများပါရှိသော ဓာတ်ပုံတစ်ပုံကိုလည်း လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။

ရုရှားသည် ယူကရိန်း၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာ အဓိကရေကြောင်းအချက်အချာကျသည့် အိုဒက်ဆာဆိပ်ကမ်းဧရိယာရှိ အရပ်ဘက်သုံးသင်္ဘောများကို ပုံမှန်တိုက်ခိုက်လေ့ရှိသည်။ ယနေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုသည် ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်မည့် ပေကျင်းသို့ နှစ်ရက်ကြာ ခရီးစဉ်မစတင်မီလေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒရုန်းတွေက အိုဒက်ဆာကို တိုက်ခိုက်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် ဒရုန်းတစ်စင်းဟာ တရုတ်ပိုင်သင်္ဘောတစ်စင်းကို ထိမှန်ခဲ့ပါတယ်” ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ “ရုရှားတွေအနေနဲ့ ပင်လယ်ထဲမှာ ဘယ်သင်္ဘောရှိနေလဲဆိုတာ မသိဘဲ မနေပါဘူး။”ဟုလည်း သူကဆိုသည်။

တရုတ်နိုင်ငံသားများဖြစ်ကြသည့် သင်္ဘောအမှုထမ်းများအနက် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် တရုတ်ပိုင်သင်္ဘောသည်လည်း ၎င်း၏ခရီးစဉ်ကို ဆက်လက်မောင်းနှင်ခဲ့ကြောင်း ယူကရိန်းရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် “Deyang” သင်္ဘောသည် အိုဒက်ဆာဒေသရှိ ယူကရိန်း၏ ပစ်ဗ်ဒန်းနီး (Pivdennyi) ဆိပ်ကမ်းတွင် သံရိုင်းအမှုန့်များ သွားရောက်တင်ဆောင်ရန် မောင်းနှင်နေခြင်းဖြစ်သောကြောင့် တိုက်ခိုက်ခံရချိန်တွင် ကုန်စည် တင်ဆောင်ထားခြင်းမရှိကြောင်း သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

“သင်္ဘောက ကုန်တင်ဖို့အတွက် ဆိပ်ကမ်းကို ဝင်ရောက်လာတာပါ။ ညဘက်မှာ ရှာဟစ်(Shahed) ဒရုန်းနဲ့ သင်္ဘောအောက်ပိုင်း ထိမှန်ခံရပြီးနောက် အမှုထမ်းတွေက နောက်ဆက်တွဲအခြေအနေတွေကို သူတို့ဘာသာသူတို့ ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ ဒဏ်ရာမရရှိခဲ့ဘဲ သင်္ဘောကလည်း သူ့ရဲ့ဦးတည်ရာဆိပ်ကမ်းကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်” ဟု ယူကရိန်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရို ပလက်တင်ချုပ်(Dmytro Pletenchuk) က ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းပိုင်နက်ကို ဒရုန်း ၅၂၄ စင်း၊ ဘာလစ်စတစ်နှင့် ခရုဇ်ဒုံးကျည်များအပါအဝင် ဒုံးကျည် ၂၂ စင်းတို့ဖြင့် ညကတိုက်ခိုက်ခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ပုံမှန်တောင်းဆိုလေ့ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်အ ဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ လာမည့် ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့နှင့် AYA Bank Tri-Nations Cup (Women Friendly)အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့်အပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ် မစ္စတာ ကာတို၏ ဦးဆောင်မှုဖြင့် လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင် ဆင်မှုများကို မကြာမီစတင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh သည် အသက် (၄၆)နှစ်ရှိပြီဖြစ်ကာ AFC...

မေ ၂၅ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက်များအလိုက် နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ...

၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာ

ပေကျင်း၊ မေလ ၁၈ ရက် တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၆၂၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလျံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် စက္ကူဖြူစာတမ်း တစ်စောင်အရ သိရသည်။ တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် တည်နေရာအခြေပြု ဝန်ဆောင်မှုများအသင်း (GLAC) က ထုတ်ပြန်သည့် အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071