Saturday, May 16, 2026

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ...

တရုတ်က လူလိုက်ပါသည့် အာကာသယာဉ်လွှတ်တင်ရန် ပြင်ဆင်နေ

ကျိုချွမ်၊ မေလ ၁၆ ရက် လူလိုက်ပါသည့် အာကာသယာဉ်Shenzhou-23 ကိုမကြာမီကာလအတွင်း အဆင်ပြေသည့်အချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသအေဂျင်စီ (CMSA) က...

ဗီယက်နမ်၌ ၂၅ ကြိမ်မြောက် တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ...

ဟိုချီမင်းစီးတီး၊ မေ ၁၆ ရက် နိုင်ငံတကာ‌ကောလိပ်ကျောင်းသားများအတွက် ၂၅ ကြိမ်မြောက် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ၏ ဗီယက်နမ်တောင်ပိုင်းဒေသတွင်း ဗိုလ်လုပွဲကို သောကြာနေ့တွင်ကျင်းပပြီးစီးခဲ့သည်။ အဆိုပါပွဲကို တရုတ်နိုင်ငံ...
HomeInternationalဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ...

ဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရ၍ ဓါတ်ပေါင်းဖိုကို ရပ်တန့်

တိုကျို၊ မေလ ၁၆ ရက်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ် (၂) ဓါတ်ပေါင်းဖိုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း စက်ရုံလည်ပတ်ရေးအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅:၁၀ နာရီခန့်တွင် အမှတ် (၂) ဓါတ်ပေါင်းဖို၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့ အနည်းငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Tohoku Electric Power ကုမ္ပဏီက ဆိုသည်။ သို့သော် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းများသည် ပတ်ဝန်းကျင်သို့ ယိုစိမ့်ထွက်သွားခြင်း မရှိကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက်သာ လုပ်ငန်းရပ်တန့်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်စဉ်သည် သောကြာနေ့ညပိုင်းက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပမာဏ ၆.၄ အဆင့်ရှိ ငလျင်နှင့် ဆက်စပ်မှုတစ်စုံတစ်ရာ မရှိကြောင်းလည်း ကုမ္ပဏီက တုံ့ပြန်ခဲ့သည်။

စက်ရုံရှိ အမှတ် (၂) ဓါတ်ပေါင်းဖိုသည် ပုံမှန်စစ်ဆေးမှုများပြုလုပ်ရန် ယခင်က လုပ်ငန်းရပ်နားထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့မှသာ ပြန်လည်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဓါတ်‌ပေါင်းဖို၏ စီးပွားဖြစ်လုပ်ငန်းများကို ဇွန်လ ၉ ရက်တွင် ပြန်လည်စတင်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်အပါအဝင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများရုံး (စစ်ကိုင်းရုံးခွဲ) သို့ သွားရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များမှ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းစဉ်များကို...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ရွေးချယ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ပြုလုပ်ခြင်းဖြစ်ကာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခံထားရသည့် မျိုးဆက်သစ် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံခဲ့ကြသည်။ မနက်ဖြန် မေ ၁၇ ရက်တွင်လည်း သင်တန်းသားသစ်ရွေးချယ်ပွဲကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရို-က်တာ မစ္စတာ မိတနှင့် နည်းပြအဖွဲ့ဝင်များက လူငယ်များ၏ ဘောလုံးကျွမ်းကျင်မှု၊...

တရုတ်က လူလိုက်ပါသည့် အာကာသယာဉ်လွှတ်တင်ရန် ပြင်ဆင်နေ

ကျိုချွမ်၊ မေလ ၁၆ ရက် လူလိုက်ပါသည့် အာကာသယာဉ်Shenzhou-23 ကိုမကြာမီကာလအတွင်း အဆင်ပြေသည့်အချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသအေဂျင်စီ (CMSA) က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်မှုကို လွှတ်တင်ရေးနယ်မြေသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း CMSA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လွှတ်တင်ရေးစခန်းရှိ အဆောက်အအုံနှင့် ကိရိယာတန်ဆာပလာအားလုံးမှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေသည်။ လွှတ်တင်ခြင်းမပြုမီ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ စစ်ဆေးမှုများနှင့် ပူးတွဲစမ်းသပ်မှု အမျိုးမျိုးကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ Ref:...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071