Saturday, May 16, 2026

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ...

ဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ...

တိုကျို၊ မေလ ၁၆ ရက် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ်...

တရုတ်က လူလိုက်ပါသည့် အာကာသယာဉ်လွှတ်တင်ရန် ပြင်ဆင်နေ

ကျိုချွမ်၊ မေလ ၁၆ ရက် လူလိုက်ပါသည့် အာကာသယာဉ်Shenzhou-23 ကိုမကြာမီကာလအတွင်း အဆင်ပြေသည့်အချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသအေဂျင်စီ (CMSA) က...
HomeInternationalဘရစ် အစည်းအဝေး ပူးတွဲကြေညာချက်...

ဘရစ် အစည်းအဝေး ပူးတွဲကြေညာချက် မထုတ်နိုင်

အဖွဲ့ဝင်နိုင်ငံအချို့ကို ထိခိုက်စေခဲ့သည့် အီရန်စစ်ပွဲနှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကြောင့် အဓိကဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများ၏ ဘရစ်မဟာမိတ်အဖွဲ့သည် အိန္ဒိယတွင် ပြုလုပ်ကျင်းပသော နှစ်ရက်ကြာ အစည်းအဝေးအပြီး၌ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေ။
         
လက်ရှိတွင် မဟာမိတ်အဖွဲ့၏ ဥက္ကဌဖြစ်သော အိန္ဒိယနိုင်ငံသည် ဘရစ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နူးဒေလီတွင် လက်ခံကျင်းပခဲ့သည်။
      
အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ပတ်သက်၍ အဖွဲ့ဝင်အချို့ကြားတွင် ကွဲပြားသော အမြင်များရှိခဲ့သည် ဟု အိန္ဒိယက သောကြာနေ့တွင် ပြောကြားခဲ့သည်။
      
ဘရစ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကနှင့် အစ္စရေးတို့၏ နိုင်ငံတကာဥပဒေချိုးဖေ-ာက်မှုများကို ရှုတ်ချကြရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီက ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။
        
စစ်ပွဲသည် အီရန်နှင့် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့အကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ဆော်ဒီသည် အဖွဲ့သို့ တရားဝင် မဝင်ရောက်ရသေးပါ။
        
အဖွဲ့ဝင်တစ်နိုင်ငံသည် အိန္ဒိယ၏ ကြေညာချက်မှ အချက်အချို့ကို လက်မခံဘဲ တားဆီးခဲ့သည်ဟု ယူအေအီးကို တိုက်ရိုက်အမည်မဖော်ပြဘဲ အာရတ်ချီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် စစ်ပွဲစဖြစ်ပြီးနောက် အီရန်သည် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းများကို အကြိမ်ကြိမ် ပ-စ်မှတ်ထားခဲ့ပြီး အစ္စရေးအပါအဝင် ပဋိပက္ခတွင် ပါဝင်သည့် အခြားနိုင်ငံများထက် ယူအေအီးကို ပိုမိုတို-က်ခိုက်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
        
“အဲဒီနိုင်ငံနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြဿနာမရှိပါဘူး၊ လက်ရှိစစ်ပွဲမှာ သူတို့က ကျွန်တော်တို့ ပ-စ်မှတ်မဟုတ်ပါဘူး၊ ကံမကောင်းစွာပဲ သူတို့မြေပေါ်မှာရှိနေတဲ့ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ စစ်စခန်းတွေကိုတော့ ကျွန်တော်တို့ တို-က်ခိုက်ရပါတယ်” ဟု အာရတ်ချီက ပြောကြားခဲ့သည်။
       
ယူအေအီးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ခါလီဖာ ဘင်ရှာဟင်း အယ်လ်မာရာကမူ အာရတ်ချီ၏ မှတ်ချက်များကို ပယ်ချခဲ့ပြီး ယူအေအီးနှင့် အခြားပင်လယ်ကွေ့နိုင်ငံများအပေါ် အကြမ်းဖက်တို-က်ခိုက်မှုများကို တရားမျှတသယောင် ပြောဆိုနေခြင်းဟု စွပ်စွဲခဲ့သည်။ အီရန်သည် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများကိုသုံး၍ ယူအေအီးကို တို-က်ခိုက်မှု အကြိမ် ၃,၀၀၀ ခန့် ပြုလုပ်ခဲ့ကြောင်း အယ်လ်မာရာက ပြောကြားခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်အပါအဝင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများရုံး (စစ်ကိုင်းရုံးခွဲ) သို့ သွားရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များမှ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းစဉ်များကို...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ရွေးချယ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ပြုလုပ်ခြင်းဖြစ်ကာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခံထားရသည့် မျိုးဆက်သစ် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံခဲ့ကြသည်။ မနက်ဖြန် မေ ၁၇ ရက်တွင်လည်း သင်တန်းသားသစ်ရွေးချယ်ပွဲကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရို-က်တာ မစ္စတာ မိတနှင့် နည်းပြအဖွဲ့ဝင်များက လူငယ်များ၏ ဘောလုံးကျွမ်းကျင်မှု၊...

ဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရ၍ ဓါတ်ပေါင်းဖိုကို ရပ်တန့်

တိုကျို၊ မေလ ၁၆ ရက် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ် (၂) ဓါတ်ပေါင်းဖိုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း စက်ရုံလည်ပတ်ရေးအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅:၁၀ နာရီခန့်တွင် အမှတ် (၂) ဓါတ်ပေါင်းဖို၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့ အနည်းငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Tohoku Electric Power ကုမ္ပဏီက ဆိုသည်။ သို့သော် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071