Saturday, May 16, 2026

ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ...

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံကို ပြည်လည်လည်ပတ်နိုင်ရန် ပြုပြင်မှုများပြုလုပ်လျက်ရှိရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မေ ၁၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ် ဆေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်...

ကော့ကရိတ်မြို့ရှိ မီးလေ-ာင် ပျ-က်စီးအဆောက်အအုံများကို စတင်ဖျက်သိမ်း

စစ်ရေးပဋိပက္ခများကြောင့် မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှနေအိမ်များအနက် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မာန်အောင်လမ်းရှိ နေအိမ်များကို ယနေ့ မေ ၁၆ ရက်နံနက် ၁၀...

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲအများစု အဝယ်အေး၍ ဈေးတည်ငြိမ်နေ

မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အဝယ်အေးနေပြီး ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။ ပဲစင်းငုံ (နီ) (၆၀)...
HomeNewsLocal Newsအားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့...

အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေကြောင်း မိုးဇလထံမှ သိရသည်။

ထို့ကြောင့် ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေ ရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကာ ယင်းမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ ပြန်လည်လည်ပတ်မည်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံကို ပြည်လည်လည်ပတ်နိုင်ရန် ပြုပြင်မှုများပြုလုပ်လျက်ရှိရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မေ ၁၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ် ဆေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ၏ CENTRAL CONTROL ROOM၊ COMPRESSOR HOUSE နှင့် သိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က ကန်ကြီးထောင့်အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသည် တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့်စက်ရုံဖြစ်ပြီး ပြည်တွင်းတွင် ဓာတ်မြေဩဇာများပိုမိုထုတ်လုပ်နိုင်ပါက ပြည်ပမှမှာယူတင်သွင်းမှုကိုလျော့ချနိုင်မည်ဖြစ်ကာ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်မည်ဟု ပြော သည်။ ထို့ပြင် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် အီးအမ်ဘိုကာရှီ သဘာဝဓာတ်...

ကော့ကရိတ်မြို့ရှိ မီးလေ-ာင် ပျ-က်စီးအဆောက်အအုံများကို စတင်ဖျက်သိမ်း

စစ်ရေးပဋိပက္ခများကြောင့် မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှနေအိမ်များအနက် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မာန်အောင်လမ်းရှိ နေအိမ်များကို ယနေ့ မေ ၁၆ ရက်နံနက် ၁၀ နာရီမှစတင်၍ ယန္တရားများဖြင့်ရှင်းလင်းဖျ-က်သိမ်းမှုများပြုလုပ်လျက်ရှိသည်။