Home News Local News ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

0
105

ပေကျင်း၊ မေ ၁၅ ရက်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်သုံးနှစ်နှင့် ထိုထက်ကျော်လွန်သော ကာလများအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်၊ ကောင်းမွန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တွန်းအားပေးရန်နှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် တိုးတက်မှုများကို ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အတွက် မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ဆောက်ရန် ရည်မှန်းချက်အသစ်တစ်ခုကို သမ္မတနှစ်ဦးစလုံးက သဘောတူညီခဲ့ကြကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နှစ်ဦးနှစ်ဖက် အပြန်အလှန် စိုးရိမ်ပူပန်မှုများကို သင့်လျော်သော နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသော ဘုံနားလည်မှုများရရှိခဲ့ကြပြီး နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သမ္မတနှစ်ဦးအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများသည် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယုံကြည်မှုကို ပိုမိုခိုင်မာစေကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများကို တိုးပွားစေခဲ့ပြီး ကမ္ဘာကြီးအတွက် လိုအပ်နေသော တည်ငြိမ်မှုနှင့် အာမခံပေးနိုင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

သမ္မတထရမ့်ပ်သည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် သမ္မတရှီက ထရမ့်ပ် အတွက် ကြိုဆိုပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပေးခဲ့ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သညမ။ ထို့နောက် ကောင်းကင်ဘုံဗိမာန် (Temple of Heaven) သို့လည်း အတူတကွ သွားရောက်လည်ပတ်ခဲ့ကြသည်။

Ref: ဆင်ဟွာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here