Friday, May 15, 2026

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန်...

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန်...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...
HomeNewsLocal Newsတရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့...

တရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့ အလယ်တွင် နေရာရသည့် အမျိုးသမီးလုပ်ငန်းရှင် ကျိုးကွမ်ဖေး

ကုန်ထုတ်လုပ်မှုလုပ်ငန်းစုကြီးဖြစ်သော Lens Technology ကို ဦးဆောင်နေသည့် ကျိုးကွမ်ဖေးသည် ကြာသပတေးနေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲတွင် အချက်အချာကျသော နေရာတစ်ခု၌ ထိုင်ခွင့်ရခဲ့သည်။ သူမသည် သူမ၏ အရေးအကြီးဆုံး ဖောက်သည်နှစ်ဦးဖြစ်သည့် Apple စီအီးအို တင်မ်ကွတ်နှင့် Tesla တည်ထောင်သူ အီလွန်မတ်စ်တို့၏ အလယ်တွင် နေရာရခဲ့ခြင်းဖြစ်သည်။

CCTV မှ ထုတ်လွှင့်သော ရုပ်သံမှတ်တမ်းများနှင့် မီဒီယာအစီရင်ခံစာများအရ အဆိုပါ ညစာစားပွဲသို့ အမေရိကန် အမှုဆောင်အရာရှိများနှင့် တာဝန်ရှိသူများအပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားလည်း တက်ရောက်ခဲ့ကြသည်။ ၎င်းတို့ထဲတွင် Hisense ဥက္ကဋ္ဌ Jia Shaoqian၊ Wanxiang Group ဥက္ကဋ္ဌ Lu Weiding၊ Fuyao Glass ဥက္ကဋ္ဌ Cao Hui၊ Air China ဥက္ကဋ္ဌ Liu Tiexiang၊ Comac ဥက္ကဋ္ဌ He Dongfeng၊ Lenovo ဥက္ကဋ္ဌ Yang Yuanqing၊ Xiaomi တည်ထောင်သူ Lei Jun၊ Haier ဥက္ကဋ္ဌ Zhou Yunjie နှင့် ByteDance အမှုဆောင်အရာရှိချုပ် Liang Rubo တို့ ပါဝင်သည်။

၁၉၇၀ ခုနှစ်တွင် ဟူနန်ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ဆင်းရဲသောမိသားစုတွင် မွေးဖွားခဲ့သည့် ကျိုးကွမ်ဖေးသည် အသက် ၁၅ နှစ်အရွယ်တွင် ကျောင်းမှထွက်ခဲ့ပြီး ရှန်ကျန်းမြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ အသက် ၂၃ နှစ်အရွယ်တွင် သူမသည် ဆွေမျိုးအချို့ကို စုစည်းကာ စီးတီးဘောင်အန်ခရိုင်ရှိ လူနေတိုက်ခန်းတစ်ခုတွင် လက်ပတ်နာရီမှန်ပေါ်၌ ဆေးရိုက်သည့်(screen printing) လုပ်ငန်းငယ်လေးတစ်ခုကို စတင်ခဲ့သည်။ ထို့နောက် ဆယ်စုနှစ်တစ်ခုအကြာတွင်မူ Lens Technology ကို တည်ထောင်နိုင်ခဲ့သည်။

Apple နှင့် လက်တွဲပြီးနောက် ကုမ္ပဏီသည် အရှိန်အဟုန်ဖြင့် အောင်မြင်လာခဲ့သည်။ iPhone များသည် စမတ်ဖုန်းလောကကို ပြောင်းလဲတော့မည့် ၂၀၁၀ခုနှစ်များတွင် Lens သည် Apple ၏ ထောက်ပံ့ရေးကွင်းဆက်တွင် မျက်နှာပြင်မှန်(cover glass) ပံ့ပိုးသူအဖြစ် နေရာရရှိခဲ့သည်။ iPhone များ ကမ္ဘာတစ်ဝှမ်းတွင် အကြီးအကျယ် အောင်မြင်လာသည်နှင့်အမျှ Apple သည် Lens ၏ အကြီးမားဆုံးသော ဖောက်သည်ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ကုမ္ပဏီ၏ နှစ်စဉ်ဝင်ငွေ ထက်ဝက်ကျော်သည် Apple ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

Lens ကုမ္ပဏီသည် ၂၀၁၅ ခုနှစ် မတ်လတွင် ရှန်ကျန်း၏ နည်းပညာအခြေပြု ChiNext အညွှန်းကိန်း၌ စာရင်းဝင်ခဲ့ပြီး ကျိုးအား တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ကိုယ်ထူကိုယ်ထ အမျိုးသမီးသူဌေးကြီးများထဲမှ တစ်ဦး ဖြစ်လာစေခဲ့သည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၌ အများပိုင်ကုမ္ပဏီအဖြစ် စာရင်းဝင်ခဲ့သည်။

ယနေ့သောကြာနေ့ မွန်းတည့်ချိန်တွင် Lens ၏ ရှန်ကျန်းစတော့ရှယ်ယာဈေးနှုန်းသည် ၃၄.၇၂ ယွမ်ရှိနေပြီး ၇.၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ယွမ် ၁၈၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ) ရှိလာခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီသည် ယခင်နှစ်ထက် ၆.၅ ရာခိုင်နှုန်း တိုးတက်လာသော ဝင်ငွေ ယွမ် ၇၄.၄ ဘီလီယံရှိကြောင်း အစီရင်ခံခဲ့ပြီး ရှယ်ယာရှင်များ၏ အသားတင်အမြတ်ငွေမှာ ၁၀.၉ ရာခိုင်နှုန်း တိုးတက်ကာ ယွမ် ၄ ဘီလီယံအထိ ရှိခဲ့သည်။ ၎င်း၏ အဓိက စမတ်ဖုန်းနှင့် ကွန်ပျူတာလုပ်ငန်းသည် ဝင်ငွေ ယွမ် ၆၁.၂ ဘီလီယံဖြင့် အဓိကမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေသည်။ စမတ်မော်တော်ယာဉ်နှင့် လေယာဉ်မောင်းခန်း (cockpit) ထုတ်ကုန်များမှ ဝင်ငွေမှာ ယွမ် ၆.၅ ဘီလီယံရှိပြီး၊ စမတ်နားကြပ်များနှင့် ဝတ်ဆင်နိုင်သော နည်းပညာပစ္စည်းများမှ ယွမ် ၄ ဘီလီယံ ရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုမ္ပဏီသည် လူသုံးကုန်အီလက်ထရွန်နစ် ပံ့ပိုးသူအဖြစ်မှ “AI hardware တန်ဖိုးကွင်းဆက်တစ်ခုလုံးအတွက် တစ်နေရာတည်းတွင် အလုံးစုံဖြေရှင်းပေးနိုင်သော တိကျထုတ်လုပ်မှုဝန်ဆောင်မှုပေးသူ” အဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသည်။ ၎င်း၏ လုပ်ငန်းနယ်ပယ်သည် ယခုအခါ စမတ်ဖုန်းများ၊ AI မျက်မှန်များ၊ စမတ်မော်တော်ယာဉ်များ၊ လူသားကဲ့သို့ လှုပ်ရှားနိုင်သော စက်ရုပ်များနှင့် စီးပွားရေးဆိုင်ရာ အာကာသလုပ်ငန်းများအထိ ကျယ်ပြန့်လာပြီဖြစ်သည်။

၂၀၁၆ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သော Tesla နှင့် ဆက်ဆံရေးသည် အဆိုပါ ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် Lens ၏ ဖန်ထည်၊ သတ္တု၊ ထိတွေ့မျက်နှာပြင် မော်ဂျူးများ၊ ဆက်သွယ်မှုနှင့် တိကျသော အစိတ်အပိုင်းများ ထုတ်လုပ်နိုင်စွမ်းကို အသုံးချကာ စမတ်မောင်းနှင်ခန်းနှင့် အပြင်ဘက် တည်ဆောက်ပုံ အစိတ်အပိုင်းများအပေါ် အဓိကထား လုပ်ဆောင်ခဲ့သည်။

ဒီဇင်ဘာလတွင် Lens က ရင်းနှီးမြှုပ်နှံသူများ၏ ဆွေးနွေးပွဲ၌ ပြောကြားရာတွင် Lens ကုမ္ပဏီသည် “မြောက်အမေရိကရှိ အဓိကဖောက်သည်ကြီး တစ်ဦး” နှင့် ဆယ်စုနှစ်တစ်ခုကြာ လက်တွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းသည် ဖောက်သည်၏ အဓိကလုပ်ငန်းများဖြစ်သော စမတ်မောင်းနှင်ခန်းများ၊ လူသားပုံစံစက်ရုပ်များနှင့် စီးပွားရေးဆိုင်ရာ အာကာသလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဂြိုဟ်တုမြေပြင်လက်ခံစက်များအတွက် အပြင်ဘက်နှင့် တည်ဆောက်ပုံဆိုင်ရာ မော်ဂျူးများကို တင်ပို့ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် ကုမ္ပဏီသည် အာကာသနှင့်ပတ်သက်သော အသုံးပြုမှုများအတွက် အလွန်ပါးလွှာသော နေရောင်ခြည်စွမ်းအင်သုံး ဖန်မော်ဂျူးများနှင့် အလွန်ပါးလွှာ၍ ကွေးညွတ်နိုင်သော အရွယ်အစားကြီး ဖန်ထည်များကိုလည်း ထုတ်လုပ်ခဲ့ကြောင်း ဆိုသည်။

Lens က အဆိုပါ ဖောက်သည်အမည်ကို တရားဝင် ထုတ်ဖော်မပြောကြားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများကမူ ၎င်းမှာ Tesla ကို တည်ထောင်သူ အီလွန်မတ်စ်၏ Optimus ဟုခေါ်သော လူသားပုံစံ စက်ရုပ်လုပ်ငန်းနှင့် SpaceX အာကာသလုပ်ငန်းကို ရည်ညွှန်းခြင်းဖြစ်သည်ဟု အားလုံးက ယူဆထားကြသည်။

မည်သို့ပင်ဆိုစေကာမူ Lens ၏ ခြေလှမ်းသစ်များသည် ထုံးတမ်းစဉ်လာလုပ်ငန်းများတွင် ကြုံတွေ့နေရသော ဖိအားများကို အပြည့်အဝ မကာမိသေးပေ။ ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် ဝင်ငွေ ၁၇.၁ ရာခိုင်နှုန်း ကျဆင်းကာ ယွမ် ၁၄.၁၄ ဘီလီယံသာ ရရှိခဲ့ပြီး အသားတင်အရှုံးပေါ်ကာ အစပြုမှု အားနည်းခဲ့သည်။ အဆိုပါ ကျဆင်းမှုသည် အဓိကအားဖြင့် စမတ်ဖုန်းနှင့် ကွန်ပျူတာရောင်းအား ကျဆင်းခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ရှုံးနိမ့်မှုများကြောင့် ဖြစ်သည်ဟု သုံးသပ်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန် မိုး/ဇလ သတိပေးနှိုးဆော်

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၁၅) ရက်တွင် အသိပေးနှိုးဆော်ထားသည်။ နေ့အပူချိန်များ မြင့်တက်ခဲ့ခြင်း‌ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ၏ အကျိုးဆက်အနေဖြင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် တစ်နာရီ မိုင် (၄၀) မှ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်းနှင့် ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းများ၊ နေရာကွက်ကျား မိုးသီးကြွေနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့မိုးကြိုကာလဖြစ်စဉ်များကြောင့် မိဘပြည်သူများအနေဖြင့် လေပြင်းတိုက်စဉ်သစ်ပင်အောက်၊...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံ အယူခံလွှာကို တရားဝင် တင်သွင်းထားကြောင်း ယနေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြလာသည်။ မောင်မောင်လွင်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ရာသီပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိတ်သတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် အဖွဲ့ချုပ်က ပြစ်ဒ-ဏ်ချခဲ့စဉ် လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်း၏ ဆုံးဖြတ်ချက်မှာ မှာ ယွင်းခဲ့ကြောင်း ပြန်လည်ပြောကြားလာခြင်းဖြစ်ပြီး ခဏတာစိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည့်အပေါ် နားလည်ပေးရန်နှင့် အမိနိုင်ငံအတွက် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ၎င်းက...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့်သုံးနှစ်နှင့် ထိုထက်ကျော်လွန်သော ကာလများအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071