Friday, May 15, 2026

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ...

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ...

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS...

မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊...

ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်...

ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည်

       ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို...
HomeMovies၁၀ လကြာ ပြန်လည်တည်ဆောက်ခဲ့သည့်...

၁၀ လကြာ ပြန်လည်တည်ဆောက်ခဲ့သည့် ဆွာချောင်းတံတား(အပြန်လမ်း) ပြီးစီး၊ အမြန်လမ်းယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးရှိ မိုင်တိုင်အမှတ် ၁၆၅/၁ တွင် တည်ရှိသော ဆွာချောင်းတံတား(အပြန်လမ်း)ကို ၁၀ လကြာ ပြန်လည်တည်ဆောက်ပြီးနောက် ၂၀၂၆ ခုနှစ် မေ ၁၄ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားအား နေပြည်တော်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၆)ကလည်းကောင်း၊ ရန်ကုန်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၁၀)ကလည်းကောင်း တစ်ဖက်စီ တာဝန်ယူတည်ဆောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အရှည်ပေ ၉၀၀ ရှိသည့် ဆွာချောင်းတံတား(အပြန်လမ်း)အသစ် ပြီးစီးပြီးနောက် မော်တော်ယာဉ်များကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအတွက် တန်(၆၀)အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။

ထို့ပြင် ဆွာချောင်းတံတား(အသွားလမ်း)အသစ် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားသစ်တည်ဆောက်ပြီးစီးမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က မေ ၁၄ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆွာချောင်းတံတား(အပြန်လမ်း)အား သတ်မှတ်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သည့် တံတားအထူးအဖွဲ့(၆)နှင့် တံတားအထူးအဖွဲ့(၁၀)တို့မှ တာဝန်ခံအင်ဂျင်နီယာများ၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများအား ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူးမြို့မဈေး ဆိုင်ခန်းရောင်းချမှုမှ ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် အဆင့်မြင့်မြို့မ ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးခဲ့ပြီး ယမန်နေ့က စတင်ရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဖွင့်လှစ်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ပြောကြားချက်အရ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၉၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးသစ်ဆောက်လုပ်ပြီးစီးမှုကြောင့် ဒေသခံဈေးရောင်းချသူများအတွက် ပိုမိုအဆင်ပြေသည့် ဈေးရောင်းဝယ်ရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေး ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ မေ ၁၄ ရက်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများအား ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဘိုကလေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးဆောင်ရွက်နေ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌...

မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည်

ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါ “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မြန်မာ-တရုတ်ပူးပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071