တပ်မတော်က မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်ရှိ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်း လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများပြန်လည် လည် ပတ်တော့မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ စီမံမှုတို့ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များက အ ခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများတင်ဆောင်၍ မေ ၉ ရက်တွင် မန္တလေးမြို့မှထွက်ခွာခဲ့ကြကြောင်း သိရသည်။
၎င်းတို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ ကသာမြို့၊အင်းတော်မြို့နှင့် မော်လူးမြို့များကိုအဆင့်ဆင့်ဖြတ် သန်းပြီး ယနေ့ မေ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေ သခံများကကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များသည် မန္တလေး- မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့်ပူးပေါင်း၍ ဒေသခံများ၏ လုံခြုံရေးနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရေး၊ အ စိုးရရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် မော်တော်ယာဉ်များဖြင့်ပါရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မြို့ရွာအသီးသီးရှိ ဒေသခံများအား သက်ဆိုင်ရာတာဝန်ရှိသူများမှတဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ကုန်သည်များသယ်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများအား လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ရွာများအ တွင်းပို့ဆောင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ် လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရသည်။