မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာ နိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့မှ ပူးပေါင်းချီးမြှင့်သည့် ၂၀၂၅ ခုနှစ် အ တွက် အကောင်းဆုံးအမျိုးသမီးအား ကစားသမားဆု ကို မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမား ဖြူဖြူသန်း ကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆုချီမြှင့်ပွဲကို မေလ (၁၁) ရက်နေ့က ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ပြီးအခမ်းအနားတွင်
ဖြူဖြူသန်းကိုအကောင်းဆုံး အမျိုးသမီးအားကစားသမားဆု ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀) နှင့် မှတ်တမ်းလွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ အကောင်းဆုံးအမျိုးသားအား ကကစားသမားဆုကို ကာယဗလမောင် ရဲထွန်းနောင်နှင့် အကောင်းဆုံး အုပ်ချုပ်/နည်းပြဆု ဦးကျော်သန်း က ရရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အ သီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဖြူဖြူသန်းသည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် နိုင်ငံတကာပြိုင်ပွဲကြီး (၄) ခုတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ရွှေ (၁) ဆု၊ ငွေ (၄) ဆုနှင့် ကြေး (၇) ဆု တို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖြူဖြူသန်းသည် ယခင်နှစ်များကတည်း က နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး
၂၀၂၂ခုနှစ် နှင့် ၂၀၂၃ခုနှစ် SEA Games ပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ခြင်း၊ Thai King’s Cup ပြိုင်ပွဲများတွင် နှစ်စဉ် ဆုတံဆိပ်များစွာ ရရှိခဲ့ခြင်း၊
China မဲခေါင်လန်းကျင်း ဖိတ်ခေါ်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဂုဏ်ပြုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို လွှင့်တင်ပေးနိုင်ခဲ့သည့် ဖြူဖြူသန်းနှင့်တကွ ဆုရရှိသူများအားလုံး ရှေ့ဆက်အောင်မြင်မှုများရရှိပါစေကြောင်း မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အသိပေးထားသည်။
