Monday, June 29, 2026

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုခဲ့သူများ ရာနှုန်းပြည့်အောင်မြင်

သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။ ထိုပြင် သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်...

ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို လေး...

ယမန်နေ့ ဇွန် ၂၈ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြေညာခဲ့ပြီးနောက် ဆရာ၊ ဆ ရာမများနှင့် ကျောင်းသားမိဘများကို လေးစားအသိ အမှတ်ပြုကျေးဇူးတင်သည်ဟု...

မိုးကုတ်မြို့နယ်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် မီးပြန်ရ

မိုးကုတ်မြို့နယ်၌ ဇွန် ၂၈ ရက်တွင် နိုင်ငံတော်ဓာတ် အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မိုးကုတ်မြို့နယ်၌လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ(နန်းနွဲ့)နှင့်...

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...
HomeNewsLocal Newsရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော...

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ၎င်းတို့ပိုင်ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖယ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်လျက်ရှိရာ၊ မြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။

“နေ့လည်က အကုန်လာရှင်းနေကြတာတွေ့တယ်။ စည်ပင်က တာဝန်ရှိသူတွေလဲ ပါကြတယ်။ ဒါပေမယ့် အခုလိုကြီး တစ်လမ်းလုံး အကုန်ဖြတ်ချ ဖြုတ်ချသွားမယ်တော့ မထင်မိဘူးပေါ့။ ဓာတ်တိုင်တွေမှာ ကြိုးတွေမြင်မကောင်းအောင် ရှုတ်နေတာ အကုန်ရှင်းသွားလို့ ဝိုင်ယာရှော့ဖြစ်မှာတွေဘာတွေအတွက်ရင်အေးရသလို ဒီနှစ်မှာ မနှစ်ကထက် မီးပိုမှန်လို့လဲ YESC ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုလို ဘာမပြောညာမပြောနဲ့ အင်တာနက်တွေ ပြတ်ကုန်တာကတော့ အဆင်မပြေဘူးပေါ့”ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဖြုတ်ချသွားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများမှာ လမ်းဘေးတွင်သာ စုပုံလျှက်ရှိနေပြီး အမှိုက်သိမ်းမည့်သူများရောက်မလာကြသေးကြောင်း သိရသည်။

“ကျွန်တော်အပြင်သွားနေတာ အိမ်ပြန်ရောက်တော့ အင်တာနက်ကမရတော့ဘူး။ ကျွန်တော့်အိမ်ကိုသွယ်ထားတဲ့ကြိုးလဲ ပါသွားမှာပေါ့လေ။ ဒါကြောင့် မြန်မာနက်ကိုဖုန်းဆက်ပြောတော့ နက်ဖြန်လာစစ်ပြီး အဆင်ပြေအောင်လုပ်ပေးမယ်လို့ပြောပါတယ်။ ကြည့်ရတာ ခုလိုရှင်းလင်းမယ်ဆိုတာကို သူတို့လဲ သိပုံမပေါ်ဘူးဗျ”ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

လက်ရှိတွင်မူ အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေသည့် နေရာများတွင် မိုဘိုင်းဒေတာဖြင့်သာ အင်တာနက် အသုံးပြုနေရကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ဓာတ်တိုင်များ ဝန်ပိမှုမဖြစ်စေရန်အတွက် YESC သည် ဓာတ်တိုင်များပေါ်တွင် ခွင့်ပြုချက်မရှိဘဲ သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ရှာဖွေဖယ်ရှားပြီး တရားဥပဒေနှင့်အညီ အရေးယူမှုများ လုပ်ဆောင်လေ့ရှိသည်။ တရားမဝင်သွယ်တန်းထားသော ကေဘယ်ကြိုးများကို မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် အချိန်သတ်မှတ်၍ ကြေညာလေ့ရှိပြီး ဖယ်ရှားခြင်းမရှိပါက ဖြတ်တောက်ရှင်းလင်းခြင်း ပြုလုပ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုခဲ့သူများ ရာနှုန်းပြည့်အောင်မြင်

သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။ ထိုပြင် သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိခဲ့ပြီး ရာခိုင်နှုန်းပြည့်အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုအောင်မြင်သူ ၂၈၃၉၃ ဦးရှိခဲ့ကြောင်းလည်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင်နှုန်းရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို လေး စားအသိအမှတ်ပြုကျေးဇူးတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

ယမန်နေ့ ဇွန် ၂၈ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြေညာခဲ့ပြီးနောက် ဆရာ၊ ဆ ရာမများနှင့် ကျောင်းသားမိဘများကို လေးစားအသိ အမှတ်ပြုကျေးဇူးတင်သည်ဟု ဧရာဝတီတိုင်းအစိုးရ အဖွဲ့က ယနေ့ ဇွန် ၂၉ ရက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခဲ့သည်။ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန် ဆရာ၊ ဆရာမများက မိမိတို့၏ကိုယ်ပိုင်အ ချိန်နှင့် လုပ်အားများကို စနစ်တကျရင်းနှီးပေးဆပ်ကာ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို လက် ကိုင်ပိုက်၍ မမောမပန်းသင်ကြားပြသလမ်းညွှန်ပေးခဲ့ကြ၍ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဆရာ၊ ဆရာမများ ၏ မေတ္တာ၊...

မိုးကုတ်မြို့နယ်၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် မီးပြန်ရ

မိုးကုတ်မြို့နယ်၌ ဇွန် ၂၈ ရက်တွင် နိုင်ငံတော်ဓာတ် အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မိုးကုတ်မြို့နယ်၌လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ(နန်းနွဲ့)နှင့် 33/11kV (5)MVA မင်းတံတားဓာတ်အားခွဲရုံ (၂) တို့ရှိ ပျက်စီး/ပျောက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းကိရိယာများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်အစားထိုးပြင်ဆင်ပြုပြင်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ဇွန် ၂၅ ရက်တွင် ပြန်လည်အစားထိုးပြင် ဆင်ပြုပြင်မှုများ အလုံးစုံပြီးစီး၍ Main ထရန်စဖော်မာ (30)MVA နှင့် sub ထရန်စဖော်မာ(10)MVA အား Float Charge လုပ်ငန်းကိုလည်းအောင်မြင်စွာပြုလုပ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071