Monday, June 29, 2026

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း”...

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ...

Perkasa Flight School တွင်...

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL)...

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား...

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။ မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ...

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုခဲ့သူများ ရာနှုန်းပြည့်အောင်မြင်

သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။ ထိုပြင် သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်...
HomeMoviesဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို...

ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများကို လေး စားအသိအမှတ်ပြုကျေးဇူးတင်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့

ယမန်နေ့ ဇွန် ၂၈ ရက်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြေညာခဲ့ပြီးနောက် ဆရာ၊ ဆ ရာမများနှင့် ကျောင်းသားမိဘများကို လေးစားအသိ အမှတ်ပြုကျေးဇူးတင်သည်ဟု ဧရာဝတီတိုင်းအစိုးရ အဖွဲ့က ယနေ့ ဇွန် ၂၉ ရက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခဲ့သည်။

ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန် ဆရာ၊ ဆရာမများက မိမိတို့၏ကိုယ်ပိုင်အ ချိန်နှင့် လုပ်အားများကို စနစ်တကျရင်းနှီးပေးဆပ်ကာ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို လက် ကိုင်ပိုက်၍ မမောမပန်းသင်ကြားပြသလမ်းညွှန်ပေးခဲ့ကြ၍ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဆရာ၊ ဆရာမများ ၏ မေတ္တာ၊ ကရုဏာနှင့် စွမ်းစွမ်းတမံကြိုးပမ်းအား ထုတ်မှုများကို အထူးပင်လေးစားအသိအမှတ်ပြု၍ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း သား၊သ မီးများ၏နောက်ကွယ်မှနေ၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အဖက်ဖက်မှပံ့ပိုးကူညီပေးခဲ့ကြပြီး သားကောင်း၊သမီးမွန်များဖြစ်လာစေရန် အောင်မြင်စွာပြုစုပျိုးထောင်ပေးခဲ့ကြသည့်အတွက်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့က မိဘအုပ်ထိန်းသူများအားလုံး၏ မေတ္တာ၊ ကရုဏာနှင့် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်မှုများကို အထူးပင်လေးစားအသိအမှတ်ပြု၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သည်ဟု ဖော်ပြခဲ့သည်။

ဆရာတို့၏သွန်သင်မှုနှင့် မိဘတို့၏လမ်းပြမှုများသည် ကလေးငယ်များ၏ အောင်မြင်မှုလမ်းကြောင်းအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့ရာ နောင်အနာဂတ်တွင် မိမိတို့ ဝါသနာပါသည့် အဆင့်မြင့်ပညာရပ်များကို ဆက် လက်ဆည်းပူးကာ နိုင်ငံတော်ကအားထားရမည့် ပညာ တတ် သားကောင်း၊သမီးမွန်များဖြစ်လာကြလိမ့်မည်ဟု နိုင်ငံတော်မှ အပြည့်အဝယုံကြည်မျှော်လင့်သည်ဟုလည်း ရေးသားဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကျင်းပမည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ စကားဝိုင်းတွင် ခရီးသွားကဏ္ဍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းသို့ ဆွေးနွေးခြင်းဖြင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်းစကားဝိုင်းများမှ ရရှိလာမည့်...

Perkasa Flight School တွင် Commercial Pilot License သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား (၅) ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL) သင်တန်း တက်ရောက်ရန် ဇွန် ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ ကျောင်းသား (၅) ဦးသည် Myanmar Airways International (MAI) နှင့် Perkasa Flight School တို့အကြား ဖေဖော်ဝါရီ ၂၄ ရက်တွင်...

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။ မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ ဖြစ်သည်။ သူမသည် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးနှင့်အတူ နေထိုင်ပြီး စက်ရုံအလုပ်သမားဖြစ်သူ အစ်မ၏ ထောက်ပံ့မှုဖြင့် (G-12) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ကာ မြန်မာတစ်နိုင်ငံလုံး ပထမဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အောင်မြင်သူ(၁)သိန်း(၃)သောင်းကျော်ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071