အကျိုးခံစားခွင့်ရှိသူများအား ယခုနှစ်မှစတင်ပြီး ဖုန်းသို့ ငွေလွှဲထောက်ပံ့မည်ဖြစ်၍ ငွေလွှဲဝန်ဆောင်မှုများ လက်ကိုင်ဖုန်းများတွင် ဖွင့်လှစ်ထားရန် အသိပေး
တိုင်းဒေသကြီးနှင့်ပြည်နယ် (၇)ခုအတွင်း ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူများအနေဖြင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer – MCCT) အရ အကျိုးခံစားခွင့်ရရှိစေရန် မေလ ၃၁ ရက်နေ့ နောက်ဆုံထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ကရင်၊ ကယား၊ ချင်း၊ နာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်၊ ရှမ်း နှင့် ဧရာဝတီတိုင်း အတွင်းရှိသူများ စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးများ သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အကျိုးခံစားခွင့်ရှိသူများကို ၃ လပတ် ၂ ကြိမ် ၆လစာထောက်ပံသွားမည်ဖြစ်ပြီး ယခုနှစ်မှ စတင်ပြီး ဖုန်းသို့ ငွေလွှဲခြင်းမည် ထောက်ပံ့မည်ဖြစ်၍ ထုတ်ယူလိုသည့် ငွှေလွှဲဝန်ဆောင်မှုများကိုလည်း မိမိတို့၏ ဖုန်းများတွင် ဖွင့်လှစ်ထားရန်လည်း အသိပေးထားသည်။
အဆိုပါ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer – MCCT) သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များ အသက် (၂) နှစ် ပြည့်သည်အထိ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ငွေကြေးထောက်ပံ့ပေးသော စနစ်ဖြစ်သည်။
ယခင်နှစ်များက ထောက်ပံ့မှုအနေဖြင့် (၃) လတစ်ကြိမ် ထောက်ပံ့လေ့ရှိပြီး တစ်လလျှင် ၁၅,၀၀၀ ကျပ် နှုန်းဖြင့် တွက်ချက်ကာ တစ်ကြိမ်လျှင် ၄၅,၀၀၀ ကျပ် ခံစားခွင့်ရှိကြောင်း သိရသည်။
