မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန်နှင့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းတွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်မှုတွင် ဝန်ထမ်းများက ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များနှင့် သာယာမိုးကွက်သစ်ရှိ ဒေသခံပြည်သူများထံသို့ သွားရောက်ကာ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ခြင်းဖြစ်သည်။
အဓိက အသိပေးနှိုးဆော်ချက်များမှာ –
ငလျင်ဘေးအန္တရာယ်
ငလျင်လှုပ်ခတ်ချိန်တွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များ။
လေပြင်းဘေး
မိုးဦးကာလတွင် ဖြစ်ပေါ်တတ်သည့် လေပြင်းဘေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး နည်းလမ်းများ။
ထိခိုက်မှုလျှော့ချရေး
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန် သတိပြုရှောင်ရှားသင့်သည့် အပြုအမူများအား အသေးစိတ် အသိပညာပေးခဲ့ကြသည်။
ယခုကဲ့သို့ အသိပေးနှိုးဆော်ခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဗဟုသုတများ တိုးပွားလာပြီး ဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
