Home Movies ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

0
111

ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဖူးခက်ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။

မစ္စတာ အနူတင်သည် ညနေ ၃ နာရီခွဲတွင် မြောင်ခရိုင် ဘန်ရင်းမြို့နယ်ရှိ အမှတ် ၄၀၈၀ အဝေးပြေးလမ်းပေါ်ရှိ ၁၆၈ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မှတ်ပုံမတင်ထားသော ဂိုဒေါင်သို့ သွားရောက်ခဲ့ကြောင်း အစိုးရအိမ်တော်က တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်၌ သတင်းထုတ်ပြန်ခဲ့သည်။

ထိုဂို‌ဒေါင်တွေ့ရှိမှုကို “လုံခြုံရေးအန္တရာယ် ပုံစံအသစ်” ဟု အစိုးရအိမ်တော်က သုံးနှုန်းခဲ့သည်။

ဂိုဒေါင်တွင် ခိုးသွင်း လျှပ်စစ်ပစ္စည်းများ၊ စက်ရုံများနှင့် ဟိုတယ်များအတွက် ဂျင်နရေတာများ၊ လေအေးပေးစက်များနှင့် အခြားထုတ်ကုန်များ ရှိနေသည်။ ၎င်းပစ္စည်းများ၏ တန်ဖိုးသည် ဘတ် သန်း ၅၀ ခန့်ရှိသည်။

အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုများလုပ်ရန်အတွက် ထိုင်းဒေသဆိုင်ရာရဲနှင့် စစ်ရဲများသည် ကုန်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။

“မှောင်ခိုပစ္စည်းတွေလို့ ရနောင်းအကောက်ခွန်အရာရှိတွေက ယူဆထားတဲ့ ဒီထုတ်ကုန်တွေကို တွေ့မြင်လိုက်ရလို့ ကျွန်တော် အတော်အံ့အားသင့် တုန်လှုပ်မိပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကုန်ပစ္စည်းများကို လမ်းခုလတ် ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ဖော်ပြထားပြီး ဖော်ပြထားသည့်ရက်မှ ရက် ၃၀ အတွင်း ထိုင်းနိုင်ငံမှ သယ်ထုတ်ရမည်ဖြစ်သည်။ ကုန်ပစ္စည်းများသည် ရက် ၃၀ သတ်မှတ်ရက် ကျော်လွန်သွားပုံရသည်ဟု ၎င်းက ဆိုခဲ့သည်။

ဖမ်းဆည်းရမိသော ကုန်ပစ္စည်းများ၏ တရားဝင်မှုကို သက်သေပြရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအနေဖြင့် အကောက်အခွန်စာရွက်စာတမ်းများကို ပြသနိုင်ရန် အရာရှိများက စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း မစ္စတာ အနူတင်က ပြောကြားခဲ့သည်။ ရက် ၃၀ အတွင်း ထိုင်းနိုင်ငံမှ သယ်ထုတ်မသွားသော လမ်းခုလတ် ကုန်ပစ္စည်းအမျိုးအစားများကို ထိုင်းနိုင်ငံပိုင်ဖြစ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ဝင်ရောက်စီးနင်းချိန်မှာ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို သူတို့လက်ခံရရှိခဲ့ပါတယ်။ ဖုန်းခေါ်တဲ့သူက အကြီးတန်းရဲအရာရှိတွေကို သူ သိတာကြောင့် သူတို့တွေ ဂိုဒေါင်ကနေ ချက်ချင်းထွက်သွားကြဖို့ သတိပေးခဲ့တယ်လို့ အရာရှိတွေက ကျွန်တော့်ကို ပြောပြပါတယ်။ ရနောင်းရဲတပ်ဖွဲ့မှူးအပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ တည်ကြည်ဖြောင့်မတ်မှုအတွက် သူတို့ကို ချီးကျူးပါတယ်” ဟု မစ္စတာ အနူတင်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here