Home Movies ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

ပုသိမ်မြို့တွင် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

0
80

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းအစိုးရအ ဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတ နာရှင်များ၏ပံ့ပိုးမှုတို့ဖြင့် ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား မေ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ အရေပြားအထူးကုဆရာဝန်ကြီး၊ အ ထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာ ဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာ ဝန်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ကုသပေးခဲ့ကြသည်။

ထိုသို့ ကုသပေးမှုအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများကကြည့်ရှုပြီး ကုသမှုခံ ယူနေသူများကို အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများ၊ ပံ့ပိုးကူ ညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာတို့ပေးအပ်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here