Monday, May 11, 2026

ဖိလစ်ပိုင်၌ ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် လာမည့်ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရာဇာမန်မိုရီရယ်ကွင်း (Rizal Memorial Stadium) ၌ ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲ (Tri-Nation...

ဘီးလင်းမြို့နယ်ရှိ အကြီးစားစက်ရုံများက ဒေသခံများအတွက် အလုပ်အကိုင်...

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိပြီး ဒေသတွင်းစီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုလျက်ရှိသည်။ ပြည်နယ်ဝန်ကြီး၏ ကွင်းဆင်းစစ်ဆေးမှု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊...

ရမည်းသင်းနှင့် ပျော်ဘွယ်တွင် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်...

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းဆွေးနွေးမှု စိုက်ပျိုးရေး၊...

၂၀၂၆ခုနှစ် ပထမ (၃) လပတ်အတွင်း...

ယခုနှစ်တွင် ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးရန် ခန့်မှန်း ၂၀၂၆ ခုနှစ် ပထမ (၃) လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ခရီးသွားဧည့်သည် (၉) သောင်းနီးပါး...
HomeNewsLocal Newsမြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင်...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများ အဓိကပြသမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အဆိုပါပွဲတော်ကို မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်နိုင်ရေးတို့ကိုလည်း ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ၊ သီးနှံအသင်းအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများအား ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်၌ ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် လာမည့်ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရာဇာမန်မိုရီရယ်ကွင်း (Rizal Memorial Stadium) ၌ ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ခြေစမ်းပွဲ (Tri-Nation Tournament) တွင် သွားရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရသည်။ ပြိုင်ပွဲအစီအစဉ်နှင့် ပါဝင်မည့်အသင်းများ အဆိုပါပြိုင်ပွဲကို ဇွန်လ (၃) ရက်မှ (၉) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာနှင့် ဂူအမ် (Guam) အသင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် လျာထားသည်။ ခန့်မှန်းပွဲစဉ်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည် - ဇွန်လ (၃) ရက်: ဖိလစ်ပိုင် နှင့်...

ဘီးလင်းမြို့နယ်ရှိ အကြီးစားစက်ရုံများက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိပြီး ဒေသတွင်းစီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုလျက်ရှိသည်။ ပြည်နယ်ဝန်ကြီး၏ ကွင်းဆင်းစစ်ဆေးမှု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မေလ ၁၀ ရက်နေ့က ဘီးလင်းမြို့နယ်အတွင်းရှိ စက်ရုံများသို့ သွားရောက်ကာ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးခဲ့သည့် စက်ရုံများမှာ - ဘီးလင်းသကြားစက်ရုံ ဒေသထွက် ကြံကုန်ကြမ်းများကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ။ အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း) စက်မှုထုတ်ကုန်များ ထုတ်လုပ်မှု အခြေအနေ။ အမှတ် (၂) တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှုစက်ရုံ မွန်ပြည်နယ်ထွက်...

ရမည်းသင်းနှင့် ပျော်ဘွယ်တွင် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် စပျစ်ဇုန်စီမံကိန်း အကောင်အထည်ဖော်မည်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းဆွေးနွေးမှု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ (၁၀) ရက်နေ့က ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာသို့ သွားရောက်ကာ စပျစ်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြေယာအသုံးချမှု ဆည်ရေသောက်လယ်မြေများပေါ်တွင် စပျစ်စိုက်ပျိုးနေမှုများကို ဥပဒေနှင့်ညီညွတ်အောင် စနစ်တကျ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ စီးပွားဖြစ်စိုက်ပျိုးရေး ဒေသတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ထိရောက်စွာ အသုံးပြု၍ ဝိုင်စပျစ် (Wine...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071