မြန်မာဖို-က်တာဖြစ်သူ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန်က ဂျပန်ဖို-က်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချီ၌ အလဲထိုးနိုင်ခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။
“မြန်မာပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ချန်ပီယံထပ်နိုင်သွားပါပြီ” ဟု ပွဲအပြီး၌ ဂျော့ရှုဝါ ဗန်ကပြောသည်။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၌ UFC 328 ဒုတိယခေါင်ပွဲစဉ်အဖြစ် ဂျော့ရှုဝါ နှင့် ဂျပန်က တက်ဆူရိုတိုင်ရာတို့ ထိုးသ-တ်ခဲ့ကြခြင်း ဖြစ်သည်။
ပွဲစဉ်တလျှောက် တိုင်ရာ၏ ချုပ်ကွက်များကို ဗန်က တန်ပြန်ခုခံနိုင်ခဲ့ပြီး အကွာအဝေးကောင်းကောင်း၊ လက်သီးထိုးချက်များများထိုးပြီး ကစားခဲ့ကာ ဂျပန်ဖို-က်တာကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
