Home News Local News မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

0
65

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ဝန်ထမ်းများပူး ပေါင်း၍ မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် နေ့ညမပျက်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။  

ဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီးများနှင့် ဈေးဆိုင်ခန်းများတွင်  တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများမီးဘေးအန္တရာယ်မဖြစ်စေရေး၊ သဘာဝဘေးဒ-ဏ်ကြောင့် မီးမလင်းသည့်လျှပ်စစ်မီးသီးများအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဈေးသူ/ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်ထားရှိရေးနှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများမပြုလုပ်ရန် အသိပညာပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဈေးမီးဘေးလုံခြုံရေးအတွက်ဆောင်ရွက်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများအသင့်အနေထား အသုံးပြုနိုင်ရန်ပြင်ဆင်ခြင်း၊ မီးလေ-ာင်စေနိုင်သောလေ-ာင်စာများနှင့် အမှိုက်သရို-က်များမရှိစေရေးသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို နေ့ညမပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here