ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရ၏စီစဉ်မှုဖြင့် Seoul Friendship Festival 2026 ကို မေ ၉ ရက်ကကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးတက်ရောက်ခဲ့သည်။
ထို့ပြင် မြန်မာသံရုံးမှလည်း Embassy Zone ၌ မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများ၊ မြန်မာရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပ စ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချပေးခဲ့သည်။
အဆိုပါ Seoul Friendship Festival 2026 ကို ဆိုးလ်မြို့ရှိ Dongdaemun Design Plaza (DDP)တွင် နိုင်ငံပေါင်း (၇၂)နိုင်ငံမှပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် နှစ်(၃၀)ပြည့်ကာလနှင့်တိုက်ဆိုင်သဖြင့် “30 Years with the World, Bridging Culture Together” ခေါင်းစဉ်ဖြင့် (၂)ရက်ကြာကျင်းပနေခြင်းဖြစ်သည်။
ထို့ပြင် Seoul Friendship Festival 2026 သည် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ နှစ်စဉ်ကျင်းလျက်ရှိသော နိုင်ငံ တကာယဉ်ကျေးမှုဆိုင်ရာပွဲတော်များအနက် အကြီးမားဆုံးယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်တစ်ခုဖြစ်သည်။
