လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို မေလ ၉ရက်နေ့ညက ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ဒုတိယဥက္ကဌ ၊နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းသိမ်းပွဲအမှာစကားပြောကြား၍ လူရည်ချွန် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးညှိ၍ မီးပုံပွဲစတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်/မယ်များနှင့်အတူ မီးပုံပွဲပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် မေလ ၉ရက် ညနေ၆နာရီခွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခမ်းပိတ်သိမ်းကြောင်း ကြေညာ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
