မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအား မန္တလေးမြို့၌ဖွင့်လှစ်မည်ဖြစ်၍ ရန်ကုန်ဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့ကို ယနေ့ မေ ၉ ရက်နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ပြုလုပ်ခဲ့သည်။
ယနေ့တွင် ရန်ကုန်ဇုန်ရှိ မြို့နယ်များမှတက်ရောက်လာသည့် ကစားသမားများအား တာဝန်ရှိသူများက စာရွက် စာတမ်းများစနစ်တကျ ရှိ/မရှိစိစစ်ခြင်း၊ ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် Medical Check-up (ဆေးစစ်မှု)များကိုပြုလုပ်ခဲ့ကြသည်။
ထို့ပြင် မနက်ဖြန် မေ ၁၀ ရက်နှင့် မေ ၁၁ ရက်တို့တွင်လည်း နံနက် ၆ နာရီခွဲမှစတင်၍ ကွင်းအတွင်း လက်တွေ့အရည်အချင်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် သည်။
ရန်ကုန်ဇုန်၌ အပြီးသတ်ရွေးချယ်ပြီးပါက မန္တလေးဇုန် (မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကလော)အတွက် အပြီးသတ်လူရွေးချယ်ပွဲကိုလည်း မန္တလေးမြို့၌ မေ ၁၇ ရက်မှ မေ ၁၉ ရက်အထိဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသူများ၏အမည်စာရင်းကို မေ ၂၂ ရက်တွင် MFF ၏လူမှုကွန်ယက်စာမျက်နှာ ၌ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
