Sunday, May 10, 2026

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...
HomeNewsLocal Newsတောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည်

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။

၁။ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည့် နှုန်းထားများ

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်ပါနှုန်းထားများအတိုင်း ပြောင်းလဲထုတ်ချေးပါမည် –

စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်): တစ်ဧကလျှင် (၁၅၀,၀၀၀) ကျပ်အစား (၃၀၀,၀၀၀) ကျပ် သို့ တိုးမြှင့်ပေးသည်။

အခြားသီးနှံ (၁၈) မျိုး: တစ်ဧကလျှင် (၁၀၀,၀၀၀) ကျပ်အစား (၂၅၀,၀၀၀) ကျပ်သို့ တိုးမြှင့်ပေးသည်။

ပန်းနှမ်း၊ ဆီအုန်းညှင်းနှင့် ဂုန်လျှော်: တစ်ဧကလျှင် (၁၀၀,၀၀၀) ကျပ်အစား (၁၅၀,၀၀၀) ကျပ်သို့ တိုးမြှင့်ပေးသည်။

၂။ ချေးငွေအမျိုးအစားနှင့် ထုတ်ချေးမည့်ကာလ

မိုးချေးငွေ

၂၀၂၆ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ။

ဆောင်းချေးငွေ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ။

မိုးကြိုချေးငွေ

၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကုန်အထိ။
အတိုးနှုန်း: တစ်နှစ်လျှင် ၅% သတ်မှတ်ထားသည်။

၃။ လယ်ယာသုံးစက်ကိရိယာ ချေးငွေအစီအစဉ်

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများကိုလည်း ချေးငွေဖြင့် ဝယ်ယူနိုင်ပါသည် –

ချေးငွေပမာဏ: တစ်ဦးလျှင် ကျပ်သိန်း (၁၀၀) မှ သိန်း (၅,၀၀၀) အထိကို ကဏ္ဍ(၂) ရပ်ခွဲ၍ ချေးယူနိုင်သည်။

အဆိုပါ အစီအစဉ်အရ ကျန်းသိန်း (၁၀၀) မှ ကျပ်သိန်း (၃၀၀၀) အထိကို ကဏ္ဍတစ်ရပ်အနေဖြင့် လည်းကောင်း၊ ကျပ်သိန်း (၃၀၀၁) မှ ကျပ်သိန်း (၅၀၀၀) အထိကို ကဏ္ဍတစ်ရပ်အနေဖြင့်လည်း ချေးယူနိုင်မည်ဖြစ်သည်။

အတိုးနှုန်း

တစ်နှစ်လျှင် ၆%။

ဆပ်ရမည့်ကာလ

(၁) နှစ်၊ (၃) နှစ် နှင့် (၅) နှစ် ကာလများအတိုင်း ရွေးချယ်ဆပ်နိုင်ပါသည်။

ဝယ်ယူနိုင်သည့် စက်များ: လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ဆိုလာရေတင်စက်၊ အခြောက်ခံစက် (Dryer) နှင့် ဆန်စက် အစရှိသည်တို့ ပါဝင်သည်။

၄။ လျှောက်ထားရန် လိုအပ်ချက်များ

အာမခံ: လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်း တင်ပြရမည်။

ဦးစားပေး: တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေး ဆောင်ရွက်ပေးမည်။

စတင်မည့်ရက်

၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ မှ စတင်ထုတ်ချေးပါမည်။

အကြံပြုချက်

စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခရိုင်/မြို့နယ်ဘဏ်ခွဲများ) သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ကွင်းဆက်လိုက်ဖမ်းဆီးရမိ

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နံနက်ပိုင်းက ကလေးမြို့အဝင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR ကားနှင့် GOLDEN TRUCK ကားတို့ပေါ်မှ ဘိန်းဖြူ(၄၈ ဒသမ ၄)ကီလိုကို သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်၊ ကျော်လင်းတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ​စစ်ဆေးချက်များအရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း ၌ နိုင်လင်းဇော်နှင့် နေလင်းဦး(ခ)ဆေးဆရာတို့မောင်းနှင်လာသည့်ကားပေါ်မှ ဘိန်းဖြူ(၂၈ ဒသမ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များစွာ အမိုးလန်ခြင်း၊ အကာအရံများပျက် စီးခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ ငါးဖားကျေးရွာရှိ "ဇိနမာန်အောင်"စေတီတော်၏ ထီးတော်တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေအိမ်များတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန်စီစဥ်ပေးခြင်း၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးနိုင်ရန်စီစဥ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။  အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071