Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။
