မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် AIA-Spurs Football Camp သို့ သွားရေ ာက်လေ့ကျင့်ရန် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ကြောင်း အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်အသိပေးသည်။
AIA Myanmar မှ စီစဉ်သည့် Score With Spurs (AIA Coaching Clinic 2026) အစီအစဉ်မှတစ်ဆင့် ရွေးချယ်ခြင်းဖြစ် ကာရွေးချယ်ခံရသူများသည်Tottenham Hotspur အသင်း၏ နည်းပြများထံတွင် (၆)ရက်ကြာ လေ့ကျင့်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ်များသည် ပဏာမလူတွေ့စစ်ဆေးပွဲတွင် အောင်မြင်ခဲ့သည့် ထူးချွန်သူများဖြစ်ပြီး၊ နောက်ဆုံးအဆင့်အနေ ဖြင့် ခန့်ညီညီလင်း၊ ဇေရဲပိုင်၊ ပြည့်ဖြိုးဇော်၊ ဖုန်းပြည့်လျှံ၊ မြူနှင်းချို၊ ယွန်းယွန်း
တို့ဖြစ်သည်။
ရွေးချယ်ခံရသည့် လူငယ်များသည်ထိုင်းနိုင်ငံတွင်ကျင်းပမည့် အဆိုပါ Camp တွင် Tottenham Hotspur အသင်း၏ International Development Coach များထံမှ နိုင်ငံတကာအဆင့်မီ ဘောလုံးနည်းစနစ်များကို တိုက်ရိုက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။
ခရီးစဉ်သည် လူငယ်များအတွက် နိုင်ငံ တကာအတွေ့အကြုံများရရှိပြီး ၎င်းတို့ ၏ ကစားသမားဘဝ စွမ်းရည်များကို နောက်တစ်ဆင့်သို့မြှင့်တင်နိုင်မည့်အရေးကြီးသော အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း အဖွဲ့ချုပ်ကအသိပေးထားသည်။
