အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ အရေးယူထားသော Electronics ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေလံတင်ရောင်းချမှုကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ) ၌ ကျင်းပသွားမည်ဖြစ်သည်။
လေလံပုံစံများကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် မေ ၆ ရက်မှ ၇ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး လေလံစည်းကမ်းချက်များနှင့် လေလံတင်ရောင်းချမည့် ပစ္စည်းစာရင်းများကိုလည်း ပူးတွဲဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် လေလံပုံစံဝယ်ယူထားသူများအနေဖြင့် လေလံတင်ရောင်းချမည့် ပစ္စည်းများကို မေ ၈ ရက်မှ ၁၂ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုသူများအနေဖြင့် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ) သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၄၂၀၀၀၅၉၂၀ နှင့် ၀၉-၂၅၄၀၇၃၃၀၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
