Home News Local News မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

0
102

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။

မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်” ဟု မအူပင်မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here