Saturday, May 2, 2026

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊...

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...
HomeNewsLocal Newsမြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးစဉ်  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်အထိ မြဝတီမြိုနယ်အတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၂၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတိုအနက်မှ ၁၃,၄၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။ မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်"...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊ တက္ကသိုလ်‌ဘောလုံးကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများအတွက် လျာထားနေရာများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071