Home News Local News ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

0
84

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ် အလာတစ်ခုဖြစ်သည်။

ဤအလေ့အထသည် ရှေးခေတ်အခါက မိုးရာသီကာလ (ဝါတွင်းကာလ)ချဉ်းကပ်လာချိန်တွင် သံဃာတော်များဆွမ်းကိစ္စအတွက် အာဟာရဓာတ်ပြည့်ဝစေရန်နှင့် သို လှောင်ထားရလွယ်ကူသည့် ပဲအမျိုးမျိုးကို စုပေါင်းလောင်းလှူရာမှစတင်ခဲ့ခြင်းဖြစ်သည်။ ပဲသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကြာရှည်အထားခံသောကြောင့် မိုးများသည့် ဒေသများတွင် သံဃာတော်များ ဆွမ်းကိစ္စ မပင်ပန်းစေရန် “ဝါကပ်၊ ဝါဆို” အတွက် ကြိုတင်ပြင် ဆင်လှူဒါန်းသည့် ကုသိုလ်ပြုမှုတစ်ခုအဖြစ် သမိုင်းအ စဉ်အလာအရ ယနေ့တိုင်ထိန်းသိမ်းလုပ်ဆောင်လာကြခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here