“ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ”ဖွဲ့စည်း
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ “ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ”ကိုဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန် ကြားချက်အမှတ် ၁/ ၂ဝ၂၆ ဖြင့် ဧပြီ ၂၉ ရက်က ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့သည်။
တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အ တည်ပြုချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။
ကော်မတီကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အ တွင်းရေးမှူးတို့အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူး၊ ခရိုင်ဥပဒေရုံး၏ ခရိုင်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခရိုင်ဦးစီးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်မည်ဖြစ်သည်။
