ယနေ့ ဧပြီ (၂၈) ရက်၊ ညနေ (၄) နာရီခွဲခန့်က စတင်ခဲ့သည့် လေပြင်းဘေးကြောင့် ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များတွင် ထိခိုက်မှုများပြားခဲ့ခြင်းဖြစ်သည်။ လေပြင်းဒဏ်ကြောင့် ဓာတ်တိုင်များပြိုလဲခြင်း၊ သစ်ပင်ကြီးများ လဲကျကာ လျှပ်စစ်ဓာတ်အားလိုင်းများ၊ အဆောက်အအုံများနှင့် မော်တော်ယာဉ်များပေါ် ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် အချို့လမ်းပိုင်းများတွင် သွားလာရေး အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
အဆိုပါ ပျက်စီးမှုများကို ရှင်းလင်းနိုင်ရန်အတွက် နေပြည်တော်ရှိ တာဝန်ရှိသူများနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက စုပေါင်းကာ လမ်းများပေါ်ရှိ သစ်ပင်သစ်ကိုင်းများကို ဖယ်ရှားခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
