အမေရိကန်ဒေါ်လာ(၇)သောင်းခန့်တန်ဖိုးရှိ လေထုနှင့်သက်ဆိုင်သည့် တိုင်းတာရေးစက်(၂)လုံးလွှဲပြောင်းလက်ခံခြင်းကို ယနေ့ ဧပြီ ၂၈ ရက်နံနက်ပိုင်းကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ရေရှည်တည်တံ့သော အာဆီယံဖြစ်စေရေး သန့်ရှင်းသော လေထုဆိုင်ရာစီမံကိန်း(CASA)”၏ အမေရိကန်ဒေါ်လာ(၆၈,၈၀၀)တန်ဖိုးရှိ Air Quality Monitoring Station (AQMS) တိုင်းတာရေးစက်(၂)လုံးကိုလွှဲ ပြောင်းလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။